Sedona Hotel u D’Cuisine All Day Dinning Restaurant

sedona-indo_1

Sedona Hotel က D’Cuisine All Day Dinning Restaurant

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိSedona Hotel မှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားတဲ့ Inya Wing အဆောက်အဦးသစ်မှာရှိတဲ့ D’Cuisine All Day Dinning Restaruant တွင် အင်ဒိုနီးရှာဟင်းလျာများ မိတ်ဆက်ဖွင့်ပွဲကို ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။

        ဒီပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်တော့ အင်ဒိုနီးရှားဟင်းလျာများရဲ့ ထူးခြားတဲ့ အရသာအသစ်အဆန်း များကို မြန်မာလူမျိုးများ မြည်းစမ်းစေလိုခြင်းနှင့် မြန်မာအင်ဒို နီးရှားနှစ်နိုင်ငံရဲ့  တူညီတဲ့ ယဉ်ကျေးမှု အစားအသောက်ချက်ပြုတ်မှုပုံစံတို့ အစရှိသည့် နိုင်ငံချစ်ကြည်ရင်းနှီးပြီး နားလည်သိရှိစေလိုသောကြောင့် ကျင်းပရတယ်လို့ သိရပါတယ်။

        အထင်ကရအစာအစားများဖြစ်တဲ့ အင်ဒိုနီးရှားထမင်းကြော် (Nasi Goreng)၊ ဟင်းရွက်စုံသုပ် (Gado Fado)၊ ဆာတေး (Stay)၊ အင်ဒိုနီးရှားကြက်သားဟင်းချို (Soto)၊ စတဲ့ အင်ဒိုနီးရှားဟင်းလျာများအပြင် အခြားနာမည်ကြီး နိုင်ငံတကာ ဟင်းလျာများကို D’Cusine All Day Dinning Restaurant မှာ နေ့လည်စာနှင့် ညာစာများကို ဇန်နဝါရီလ (၁၄) မှ (၂၄) ရက်နေ့ထိ နေ့စဉ်တည်ခင်းပေးထားခဲ့ပြီး၊ ဆက်လက်၍ အခြားနိုင်ငံတကာ ဟင်းလျာများကို ခုလိုပဲ မိတ်ဆက်အုံးမယ်လို့ သိရပါတယ်။

        အနံ့အရသာကောင်းမွန်တဲ့ အင်ဒိုနီးရှားဟင်းလျာများကို အထူးဖိတ်ကြားထားတဲ့ နှစ်ပေါင်းသုံးဆယ်ကျော် အတွေ့အကြုံရှိ အင်ဒိုနီးရှားလူမျိုး စာဖိုးမှူးကြီး Mr Idam Setiadarma ကိုယ်တိုင် ချက်ပြုတ်ခဲ့တာဖြစ်ပါတယ်။ Mr Idam Setiadarma ဟာ Sedona Hotel Mandalay မှာ Executive Chef ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

        အထူးအစီအစဉ်အနေနဲ့ အင်ဒိုနီးရှားယဉ်ကျေးမှု အဆိုအကများကို ဇန်နဝါရီလ (၁၇ နှင့် ၂၄) နေ့များမှာ ဖျော်ဖြေ တင်ဆက်သွားခဲ့ပါတယ်။ ညစဉ် ယဉ်ကျေးမှုတက္ကသိုလ်၏ စီစဉ်မှုနဲ့ မြန်မာအဆိုအကများကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်နေတယ်လို့ ဆိုပါတယ်။ D’Cuisine All Day Dinning Restaurant အကြောင်းကို အသေးစိတ်သိရှိလိုပါက ဝ၁-၈၆ဝဝ၅၃၇၇ လိုင်းခွဲ (၇၆ဝ၆) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Facebook Comments