Samyang Foods Myanmar မှ “ပြိုင်စားမယ်” (Let’s Challenge) ကို ဆဋ္ဌမအကြိမ်မြောက် ပြည်သူ့ရင်ပြင်တွင် ကျင်းပခြင်း

          Su Myat Mingalar Trading Company က Samyang ခေါက်ဆွဲစားပြိုင်ပွဲ၏ ဆဋ္ဌမအကြိမ်မြောက်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။

          အဆိုပါ ခေါက်ဆွဲစားပြိုင်ပွဲကို ကန်သာသာ စိန်ဂေဟာတွင် ပထမအကြိမ်၊ လှည်းတန်းစင်တာတွင် ဒုတိယအကြိမ်၊ Capital Hypermarket တွင် တတိယအကြိမ်၊ မဟာဗန္ဓုလပန်းခြံတွင် စတုတ္ထအကြိမ်နှင့် လှည်းတန်းစိန်ဂေဟာတွင် ပဉ္စမအကြိမ် ကျင်းပခဲ့သည်။

          ဆဋ္ဌမအကြိမ်မြောက်ကျင်းပခဲ့သည့် ခေါက်ဆွဲစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၆ ဦးက အဖွဲ့ ၃ ဖွဲ့စီ ယှဉ်ပြိုင်ခဲ့ကြပြီး ၄င်းတို့အနက် အမြန်ဆုံးစားနိုင်သူ ကိုစနေကိုကိုနှင့် ကိုစိုင်းစိုင်းပြည့်စုံမင်းတို့ ၂ ဦးသည် ဆုငွေ ကျပ် ၅၀ဝ၀ဝ  စီနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

          ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ Samyang မည်သည့် ခေါက်ဆွဲအမျိုးအစားကိုမဆို ၃ ထုပ် (သို့) ၃ ဘူးဝယ်ယူပါက Lucky Draw အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ကံထူးနိုင်မည့်ဆုများကတော့-

Special Prize   –         Samsung Note 9 Smart Phone (၃) ဆု

ပထမဆု         –         Samsung A8 Star Smart Phone (၃) ဆု

ဒုတိယဆု        –         Samsung A7 Smart Phone (၃) ဆု

တတိယဆု      –         Samsung J6 Plus Smart Phone (၃) ဆု စသည့် ဆုလက်ဆောင်များအပြင် အခြားဆုမဲပေါင်း ၁၀ဝ ကျော် ပါဝင်သောကြောင့် ၄င်း Lucky Draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသည်။

Facebook Comments