Premium Distribution မှ Back to School Party ကျင်းပ

          Premium Distribution က  ကျောင်းဖွင့်တဲ့အချိန်နဲ့ FIFA World Cup 2018 ကျင်းပတဲ့ အချိန်လည်း ဖြစ်တာကြောင့် Back To School Promotion ပွဲကို St. John (City Mall) Event Area မှာ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့ မနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အဓိကပြဖြစ်ခဲ့တဲ့ Brand တွေကတော့ Nutella Cream (Nutella with Bread)၊ ကလေးတွေအတွက် Morning Bread၊ အသင့်စားနိုင်တဲ့ Cream, Loacker ဝေဖာ (အီတလီဝေဖာ)၊ တောင်အာဖရိကထုတ် 100%  Juice Ceres, 100% အာလူး ဖြစ်တဲ့ ဂျာမနီထုတ် Lorenz အာလူးကြော်နဲ့ Kinder Bueno ချောကလက်တို့ဖြစ်ပြီး စုစုပေါင်း Brand ၁၀ မျိုးလောက် ပြသခဲ့ပါတယ်။ Brand တွေ အကုန်လုံးကိုလည်း 15% Discount ချပေးထားပြီး Buy 1, Get 1 လည်း ပေးခဲ့ပါတယ်။ Premium Distribution က Quality ပဲ ရောင်းတဲ့ Product တွေဖြစ်တဲ့အတွက်ကြောင့် ကြီးထွားစပြုနေတဲ့ ကလေးတွေကို 100% Pure ဖြစ်နေတဲ့ Natural နဲ့လုပ်ထားတဲ့ အစားအသောက်တွေကို စားစေချင်လို့ ဒီလိုပွဲမျိုးလေးတွေကို ကလေးတွေနဲ့ အများဆုံးထိတွေ့ ဖြစ်အောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိသားစုတွေ ပျော်ပျော်ပါးပါး ဈေးဝယ်ရင်းနဲ့ ဂိမ်းတွေဆော့ပြီး Activities တွေလုပ်နဲ့ ပျော်ပျော်ပါးပါးလေးဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ Premium Distribution မှ Events တွေကိုလည်း အများကြီး ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ Customer များကိုလည်း ကျေးဇူးတင်ကြောင်း Premium Distribution  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Facebook Comments