Pizza Hut (ပီဇာဟတ်)ဆိုင်ကကမ္ဘာ့ပီဇာနေ့

Pizza Hut (ပီဇာဟတ်)ဆိုင်ကကမ္ဘာ့ ပီဇာနေ့

နိင်ငံတကာနာမည်ကြီးပီဇာနဲ့ အီတလီစာစားသောက်ဆိုင်တွေ(ဖရန်ချီူင်း) ၊ အမြန်စာအစား သောက်ဆိုင်တွေ ပွင့်လင်းစမြန်မာပြည်မှာအပြိုင်အဆိုင်နေရာလုကြတဲ့ တိုက်ပွဲကမသိမသာနဲ့ တဖြည်းဖြည်းတိုးလာနေပါတယ်။ ဒီထဲကမှ မြန်မာနိုင်ငံမှာငါးနှစ်အတွင်းဆိုင်ခွဲ ၂၀ ဖွင့်မယ်ဆိုတဲ့ Pizza Hut (ပီဇာဟတ်) ဆိုင်လဲအပါဝင်ပါ။ရန်ကုန်မြို့၊ ပြည်လမ်း ၆ မိုင်ခွဲ၊ မားကတ်ပလေ့စ်မှာတည်ရှိတဲ့ ဒုတိယဆိုင်ခွဲ Pizza Hut ဆိုင်က ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ကမ္ဘာ့ပီဇာနေ့ မှာပီဇာမြည်းစမ်းပွဲ၊ ပျော်ရွှင်ဖွယ်ပီဇာဂိမ်းအစီစဉ်နဲ့ ပီဇာထုတ်လုပ်ပုံနေ့စဉ် လုပ်ငန်းစဉ်တို့ကိုလေ့လာနိုင်တဲ့ ပီဇာတိုးအစီစဉ် တို့ကိုတင်ဆက်ခဲ့ပါတယ်။ ထိုအခမ်းအနားတွင် နိုင်ငံကျော် အနုပညာရှင်မျာဖြစ်ကြတဲ့ဂုဏ်ရည်အေးကျော် ၊ ဟန်သီတို့က အခမ်းနားတင်ဆက်သူများအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ Pizza Hut တာဝန်ရှိ  ဦးဥာဏ်ကျော် မှာပြောကြားရာတွင် Pizza Hut  ကိုအမေရိကန်နိုင်ငံKansas ပြည်နယ် Wichita မြို့တွင် တက္ကသိုလ်ကျောင်းသားညီအစ်ကိုနှစ်ဦးက သူတို့အမေထံမှ ဒေါ်လာခြောက်ရာချေးငှား ပြီး၁၉၅၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အခုလက်ရှိချိန်တွင် နိုင်ငံပေါင်း ၁၃၀ ကျော်တွင်ဆိုင် ခွဲပေါင်း ၁၅၀၀၀ ကျော် ဖွင့်လှစ်ပြီး ဖြစ်ကြောင်းနဲ့ ရန်ကုန်မြို့ရှိ Pizza Hut အကြောင်းတို့ ပြောကြားသွားခဲ့ပါတယ်။ ထို့နောက် ပီဇာတိုး အနေနဲ့ နေ့စဉ်လုပ်ငန်းစဉ်များဆောင်ရွက်ပုံများကိုမီးဖိုးချောင်ထဲသို့ ၀င်ရောင်လေ့လာခဲ့ကြပါတယ်။ ဆက်လက်ပြီးပီဇာ၊ ပါစတာ၊ အချိုရည်တို့နဲ့ ဧည့်ခံခဲပါတယ်။ ပီဇာခြောက်မျိုးဂိမ်း Veggie Supreme, HawaiianParadise, Super Supreme, Chicken Hawaiian, Pepperoni Cheese, Chicken Supreme ဂိမ်းအစီစဉ် ကိုပျော်ရွင်ဖွယ် ကစားခဲ့ကြပြီးအမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ အမှတ်တရဓာတ်ပုံများရိုက်ကြပြီးအစီစဉ်ပြီးဆုံးခဲ့ပါတယ်။

Facebook Comments