Pinlon Hawker Center (Foodies Market) ရဲ့ အစားအသောက် မိတ်ဆက်ပွဲ အခမ်းအနား

RAGON Tea House’sရဲ့  ဆိုင်ခွဲတစ်ခုဖြစ်တဲ့ Pinlon Hawker Center (Foodies Market) ရဲ့  အစားအသောက် မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၁ ရက်နေ့က မြောက် ဒဂုံ၊ စစ်တောင်း Market နားမှာရှိတဲ့ (Foodies Market) ဆိုင်ခွဲမှာ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲအခမ်းအနားမှာတော့ နာမည်ကြီး စားသောက် ဆိုင်ဖြစ်တဲ့ ဘူးသီးတောဓလေ့ထမင်းဆိုင်၊ MR WOK မီးတောက်ခေါက်ဆွဲနှင့် အကင်အပါအဝင် မနက်စာ၊ နေ့လယ်စာနဲ့ ညစာတို့ကို အချိန်မရွေးစားသောက်နိုင်တဲ့ စားသောက်ဆိုင်တွေ ပါဝင်ပါတယ်။

ယခုဆိုင်ခွဲဖြစ်တဲ့ Pinlon Hawker Center မှာတော့ နံနက်စာအတွက် လက်ဖက်ရည် (၁၆) မျိုး၊ အညာဒေသမှာ သောက်လေ့ရှိတဲ့  နို့ထန်းလျက်၊ ပျဉ်းမနား စတိုင်လ်နန်းကြီး သုပ် အပါအဝင် မြန်မာ့ရိုးရာအစားအစာမျိုးစုံကို ရရှိနိုင်ပြီး နေ့လယ်စာအတွက်တော့ အကြော်မျိုးစုံ၊ အကင်၊ ဒံပေါက် အစရှိတာတွေကို ရရှိနိုင်ပါတယ်။ ဒံပေါက်မှာ လည်း ပိန္နဲသီး (သက်သတ်လွတ်ဒံပေါက်)၊ ဒူးရင်းသီး ဒံပေါက်အပြင် အရသာထူးကဲလှတဲ့ ပုစွန်ချိစ်ဒံပေါက်ကိုလည်း ရရှိပါ သည်။ ညစာအတွက်တော့ ကြေးအိုး၊ ဆီချက် အပါအဝင် အကင်မျိုးစုံနဲ့ ညဘက် အပြင်မှာ လေကောင်းလေသန့်နဲ့ စုပြီး ထိုင်လို့ကောင်းတဲ့ နေရာလေးတွေကို ဖန်တီးပေး ထားပါတယ်။

Facebook Comments

Menu