Pan Pacific ဟိုတယ်ရဲ့ စားသောက်ဆိုင်များနှင့် “Pacific Plus”ကို စတင်မိတ်ဆက်ခြင်း အခမ်းအနား

Pan Pacific ဟိုတယ်ရဲ့ စားသောက်ဆိုင်မှာများနှင့် Loyal Dining အကျိုးခံစားခွင့် Membership Programဖြစ်တဲ့ “Pacific Plus” စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်န၀ါရီလ၊ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။ Pan Pacific Yangon ဟိုတယ်ရှိ စားသောက်ဆိုင်၊ ဘားများတွင် အမေရိကန်ဒေါ်လာ ၅၀ သုံးပေးခြင်းဖြင့် “Pacific Plus” Loyalty Dining အကျိုးခံစားခွင့်ကတ်ကို ရရှိမှာဖြစ်ပြီး ၂၀% အကျိုးခံစားခွင့်ကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Pan Pacific Yangon ရဲ့ R Level တွင်ရှိတဲ့ Sann All-Day-Dining Restaurant တွင် မြန်မာအစားအစာများနှင့် ပင်လယ်စာများကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ Sann All-Day-Dining Restaurant တွင် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ အအေးအပါအ၀င် ညစာဘူဖေးအတွက် တစ်ဦးလျှင် US$33 ကျသင့်မှာဖြစ်ပြီး ၀ိုင်၊ ဘီယာ၊ အအေးမျိုးစုံပါဝင်တဲ့ ညစာဘူဖေးအတွက်ကိုတော့ တစ်ဦးလျှင် US$43 ကျသင့်မှာ ဖြစ်ပါတယ်။ သောကြာနှင့် စနေလာရောက်တဲ့ ဧည့်သည်တွေအတွက် အအေးအပါအ၀င် ညစာဘူဖေးအတွက် တစ်ဦးလျှင် US$38 ကျသင့်မှာဖြစ်ပြီး ၀ိုင်၊ ဘီယာ၊ အအေးမျိုးစုံပါဝင်တဲ့ ညစာဘူဖေးအတွက်ကိုတော့ တစ်ဦးလျှင် US$ 48 ကျသင့်မှာဖြစ်ပါတယ်။ နေ့စဉ် ညနေ ၆ နာရီမှ ညနေ ၁၀ နာရီထိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်မယ့်ချစ်သူများနေ့ကို infinity pool side pavilion barတွင် ဖြတ်သန်းလိုက်ပါ။ Pan Pacific Yangonမှ Champagne Valentine Packageကို ပြင်ဆင်ထားပေးပြီး စုံတွဲတစ်တွဲလျှင် US$100 ကျသင့်မှာ ဖြစ်ပါတယ်။

HaiTienLo စားသောက်ဆိုင်တွင် Cantonese ဟင်းလျာများကို နေ့လယ်စာကို ၁၁:၃၀- ၂:၃၀ အထိ၊ ညစာကို ၆:၀၀-၁၀:၃၀ အထိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ Menu 1 အတွက် တစ်ဦးလျှင် US$ 48၊ Menu 2 အတွက် တစ်ဦးလျှင် US$ 78၊ Menu 3 အတွက် တစ်ဦးလျှင် US$ 98 ဖြင့် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

Michelle Win

Director of Marketing & Communications

Pan Pacific Yangon

Tel: + 95 1 9253810 # 204

Email: [email protected]

Facebook Comments