Ovaltine မှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီ ပြိုင်ပွဲကြီး

          Ovaltine က ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့ဘဝမှာ အောင်မြင်ပိုင်ဆိုင်လိုတဲ့ အနာဂတ် ရည်မှန်းချက်ကို စိတ်ကူးပုံဖော်ကာ အဓိပ္ပာယ်ပြည့်ဝသော ပန်းချီပုံ တစ်ပုံကို ဖန်တီးမှုကောင်းကောင်းဖြင့် သရုပ်ဖော်ရေးဆွဲနိုင်စေရန် ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီပြိုင်ပွဲကို ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကလေးပန်းချီပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Melia ဟိုတယ်ရဲ့ Grand Ballroom မှာ ကျင်းပခဲ့ပါတယ်။ Ovaltine Myanmar ရဲ့  ပထမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီ ပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ်က အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ယခုနှစ် ပြိုင်ပွဲကိုတော့ “အနာဂတ်အောင်မြင်မှုများဆီသို့ Ovaltineနှင့်အတူ စိတ်ကူး ပုံဖော်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

          ဒီပြိုင်ပွဲကြီးမှာ ကျောင်းသား၊ ကျောင်းသူများ မိမိတို့ဘဝမှာ အောင်မြင်ပိုင်ဆိုင်လိုတဲ့ အနာဂတ် ရည်မှန်းချက်ကို စိတ်ကူးပုံဖော်ပြီး ဆန်းသစ်တီထွင်မှုကောင်းကောင်းဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်ကြဖို့ ရည်ရွယ် ထားပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ (၂)လခန့် ကြာမြင့်မယ့် ပန်းချီပြိုင်ပွဲကြီးကို မိမိတို့တက်ရောက်နေတဲ့ ကျောင်းအသီးသီးမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲဝင် အုပ်စု (၃) စုမှ ဆုရရှိသူများအတွက် Ovaltine က ဆုကြေးများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အုပ်စု (၃) စုကတော့ (၁) သူငယ်ချင်းမှ ဒုတိယတန်းအထိ၊ (၂) တတိယတန်းမှ ပဉ္စမတန်းအထိ၊ (၃) ဆဋ္ဌမတန်းမှ အဋ္ဌမတန်းအထိဖြစ်ပြီး ပညာသင်ကြေးဆုများအဖြစ် ပထမဆုအတွက်  ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၅ သိန်း၊ တတိယဆုအတွက် ငွေကျပ် ၁ သိန်းစီကို အသီးသီး ချီးမြှင့် သွားမှာဖြစ်ပါတယ်။

          ကလေးပန်းချီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသောကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိတက် ရောက်နေတဲ့ ကျောင်းမှ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို တောင်းယူနိုင်ပြီး လျှောက်လွှာများမရရှိပါက ရိုးရိုး ဗ၄ စာရွက်ဖြင့် ရေးဆွဲပေးပို့နိုင်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်များက မိမိတို့ရဲ့ အနာဂတ် ဘဝရည်မှန်းချက်ကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီကို ပေးပို့ရမှာဖြစ်ပြီး ပန်းချီရေးဆွဲရာမှာ Ovaltine အမှတ်တံဆိပ်ပုံကို ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ အမှတ်တံဆိပ်ကိုတော့ Ovaltine ထုတ်ကုန်များမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ရေဆေး၊ ပုံဆွဲဖယောင်းတံ၊ ရောင်စုံခဲတံ စတဲ့ ပုံဆွဲပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီး ရေးဆွဲရမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့် ကျောင်းသား၊ ကျောင်းသူများဟာ ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာမှာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးရမှာဖြစ်ပြီး ပြိုင်ပွဲဝင် တစ်ဦးကို ပန်းချီကားအရေအတွက် သတ်မှတ်ထားခြင်းမရှိကြောင်းနှင့် ပြိုင်ပွဲဝင်ပန်းချီမှာ အခြားသူများရဲ့ အကူအညီမပါဘဲ မိမိကိုယ်တိုင်ရေးဆွဲထားသော ပန်းချီဖြစ်ကြောင်း ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာမှာ ဝန်ခံကတိလက်မှတ်ပါရှိရမယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ပန်းချီနှင့်တကွ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို မိမိတို့ကျောင်းရှိ သက်ဆိုင်ရာ ဆရာ၊ ဆရာမထံသို့ဖြစ်စေ၊ ပြိုင်ပွဲကျင်းပရေးကော်မတီလိပ်စာသို့ဖြစ်စေ ပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ပန်းချီကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက အကဲဖြတ် အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက –

ပြိုင်ပွဲဝင်လျှောက်လွှာ၊ ပန်းချီပုံများ ပေးပို့ရန်နှင့် ပြိုင်ပွဲအကြောင်းစုံစမ်းရန်

12/C, နှင်းဆီလမ်း၊ (၈)ရပ်ကွက်၊ ပါရမီ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

Ph: +959 897 646 686/ 687/ 688

Facebook Comments