Novotel Yangon MAX ရဲ့ THE SQUARE Restaurant က Sunday Branch

novo_14

novo_13 novo_12

novo_11 novo_10

novo_17 novo_16

novo_9 novo_8 novo_15 novo_3

novo_7 novo_6 novo_5 novo_4

Novotel Yangon MAX ရဲ့ THE SQUARE Restaurant က Sunday Branch

        ဒီတစ်ခေါက် Sunday မှာသွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ Novotal Hotel Max Yangon ရဲ့  ၅ ထပ်မှာ ရှိတဲ့ THE SQUARE RESTAURANT ဖြစ်ပါတယ်။ နာမည်ကြီးတဲ့ Sunday Branch ကြောင့်ရောက်သွားခဲ့ပြီး ၀န်ဆောင်မှုနဲ့ တည်ခင်းတဲ့အစားအစာတွေကို လေ့လာမြည်းစမ်းကြည့်ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်း 30$++ ဆိုတာ ရန်ကုန်မြိုမှာရှိတဲ့ တခြားဟော်တယ်တွေရဲ့ Sunday Branch တွေနဲ့ မတိမ်းမယိမ်းရှိပေမယ့် ဒီဘက်မှာတော့ ထူးခြားတာလေးတွေ တွေ့ရပါတယ်။ Free Flow Wine, Beer, Cocktail နဲ့ Soft Drink တွေအပြင် မိသားစုနဲ့လာကြသူများအတွက် ကလေးငယ်များအတွက် လုံခြုံကျယ်ဝန်းတဲ့ in-door ကစားကွင်းနေရာထားရှိပေးပြီး Snack Buffet ကောင်တာထားပေးထားတာကြောင့် မိဘများအနေနဲ့ စိတ်အေးလက်အေး အချိန်ယူစားသောက်နိုင်မှာဖြစ်ပါတယ်။ ကစားပြီးမောသွားရင်လည်း TV ကြည့်နိုင်အောင် စီစဉ်ထားပေးပြီး ကစားလိုက် နားလိုက် စားလိုက်နဲ့ ကလေးတွေအတွက် ပျော်ရွှင်ဖွယ်ပတ်ဝန်းကျင်ကောင်းလေးတစ်ခုဖြစ်အောင် ထပ်ဖန်တီးပေးထားတာတွေကတော့ Face Painting နဲ့ ရဘာဘောလုံးတွေကို အရုပ်လုပ်ပေးနေတဲ့ ၀န်ဆောင်မှုတွေဖြစ်ပါတယ်။ Jelly Tree တစ်ခုစိုက်ထူပေးထားပြီး နှစ်သက်ရာ Jelly အရသာကို ဖြုတ်ယူစားသောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ၆ နှစ်အောက်ကလေးငယ်များအနေနဲ့ကတော့ Sunday Branch ကို free join ခွင့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းအောင်တစ်ချက်ပြောချင်တာက ကလေးငယ်များအနေနဲ့ ကစားတဲ့ဘက်ခြမ်းမှာရော SQUARE Dining Room ထဲက Branch Buffet မှာ ပါဝင်ရောက်စားသောက်နိုင်မှာဖြစ်ပါတယ်။ ထူးခြားမှုလေးတွေ တွေ့တာကို အရင်ပြောပြနေတာပါ။ ၆ နှစ်အထက် ၁၂ နှစ်အထိ ကလေးများအတွက် ဈေးနှုန်းကတော့ 15++ ကျသင့်ပါလိမ့်မယ်။

        နေ့လည် ၁၂ နာရီကစပြီး Live Band ရဲ့တီးခတ် သီဆိုဖျော်ဖြေမှုနဲ့စမယ့် Sunday Branch ရဲ့ အပြင်အဆင်လေးကို လေ့လာကြည့်တာကတော့ 5Star ဟိုတယ်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံတကာအစားအစာတွေကို သူ့အစုနဲ့သူခွဲခြားပြီး ပြင်ဆင်ပေးထားပါတယ်။ Starter, Appetizer များကို အခန်းအလယ်မှာ ကောင်တာသီးသန့်ထားပြီး ခင်ကျင်းထားပါတယ်။ အအေးစာCold Cut များကိုလည်း စုံလင်အောင်သပ်သပ်ရပ်ရပ်ပြင်ဆင်ထားပေးပြီး အစားအစာတစ်ခုခြင်းစီရဲ့ အမည်နဲ့တကွ နေရာချပေးထား တာကတော့ အရမ်းအဆင်ပြေပါတယ်။ ကိုယ်ဘာစားနေတာလည်းဆိုတာ သိနိုင်တဲ့အပြင် ကိုယ်မစားလိုတဲ့အသားတွေကိုလည်း မှားယွင်းယူမိတာမျိုး မဖြစ်တော့ဘူးပေါ့။ အနောက်တိုင်းအသုပ်ပွဲများကိုလည်း organic vegetables များနဲ့သာ ပြင်ဆင်ထားပါတယ်၊ အသုပ်အတွက်လိုအပ်တဲ့ Dressing မျိုးစုံကိုလည်း အရံသင့်စိတ်ကြိုက်ရောစပ် သုံးဆောင်နိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ မြန်မာအသုပ်တွေကိုလည်း တွေ့ရတဲ့အပြင် ဂျပန်စာဆူရှိ၊ ဆာရှိမီစတာတွေကိုလည်း ဆော့အစုံအချဉ်ဖတ်အစုံနဲ့ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ Mediterranean Section မှာဆိုရင်လည်းOyater, Lobster, Crab စတဲ့ ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပေးထားတဲ့အပြင် မြေထဲပင်လယ်ဒေသစာအသုပ်ပွဲများ ခင်းကျင်းပေးထားတာပါတယ်။

        ပြင်သစ်ပုံစံ စားသောက်လိုကြသူများအတွက်တော့ ပေါင်မုန့်အလုံးများနဲ့ ဘားဂတ်ပေါင်မုန့်များကို ထောပတ်၊ ချိစ်မျိုးစုံတို့နဲ့အတူ လှီးဖြတ်ခင်းကျင်းပြီး ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဘဲကင်ကြိုက်သူများအတွက်တော့ ဘဲကင်ကောင်းကောင်းရနိုင်တဲ့ ကောင်တာတစ်ခုလည်း ထားရှိပေးထားပြီး လှီးခုတ်ပြီးသားကို ဘဲကင်ဆော့ကောင်းကောင်း တရုတ်ပုံစံအသီးအရွက်သုပ်တို့နဲ့အတူ အဆင်သင့်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

        ခန်းမကြီးရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ဘူးဖေးကောင်တာတန်းအရှည်ကြီးမှာတော့ ကြက်သား ၀က်သား အကင်များကစပြီး ပြင်သစ်စာ foiegras လို့ခေါ်တဲ့ ဘဲအသည်း၊ ကန်နပေ၊ ပန်ကိတ်တွေနဲ့ နေ့စဉ်ရနိုင်တဲ့ မြန်မာဟင်းချို ၁ မျိုး အနောက်တိုင်း Cream Soup တစ်မျိုး ခင်းကျင်းပေးထားပါတယ်။ အဲဒီဘက်ကလွန်ရင်တော့ မြန်မာ့ဟင်းလျာနဲ့ အရှေ့တိုင်း အနောက်တိုင်း အဓိကဟင်းလျာများစွာက စောင့်ကြိုနေပါလိမ့်မယ်။ စားရင်းသောက်ရင်း ဖျော်ဖြေရေးအနေနဲ့ စားပွဲတိုင်းကိုလိုက်ပြီး မျက်လှည့်ပြပေးတဲ့ အစီအစဉ်ကလည်း ထူးခြားပါတယ်။ စားသောက်ပြီးရင်တော့ အချိုပွဲအတွက် နေရာချန်ပါ ဒါမှမဟုတ် အချိန်အနည်းငယ်ယူလို့ လူကြီးတွေက Sparkling Wine လေးကို အစာကြေအောင် သောက်နေချိန်၊ လူငယ်တွေကလည်း အပြင်ဘက်မှာ ဆင်ပေးထားတဲ့ Play Station Game ကိုကစားရင်း ဗိုက်ချောင်သွားအောင်နေပြီးမှ အမျိုးအစားစုံလင်လှတဲ့ pastry မျိုးစုံနဲ့ သစ်သီးအစုံ ခင်းကျင်းထားတဲ့ကောင်တာဘက်ကို သွားမလား။ ဘူဖေးကောင်တာကြီးတစ်ဖက်စွန်းက Crepe ကောင်တာကိုပဲ သွားမလား အားလုံးကိုပဲ လှည့်ပတ်ပြီး တစ်ခုမကျန် ကုန်အောင်စားမလား အားလုံးသဘောရှိစားပြီး ကျေနပ်မှုအပြည့်ရစေမယ့် SQUARE Restaurant ရဲ့ Sunday Branch ကို ချစ်ခင်ရတဲ့မိသားစုမိတ်ဆွေများနဲ့ အပြင်ထွက်စားတော့မယ်ဆိုရင် ရွေးချယ်မှုတစ်ခုအဖြစ် တင်ပြပေးလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ အသိပေး မိတ်ဆက်လိုတာက သောကြာနေ့ညတိုင်း ဒီလို Live Band နဲ့ Seafood Buffet ကို 34++ နဲ့ ၀န်ဆောင်မှုပေးနေတယ်ဆိုတာကိုပါ။ Food Magazine ဖတ် ပရိသတ်များနေနဲ့လည်း လောလောလတ်လတ် ရန်ကုန်မြိုရဲ့  အစားကြိုက်သူတွေကြားမှာ နာမည်ကြီးနေတဲ့ Novotel Yangon Max ရဲ့  SQUARE Restaurant က Sunday Branch Buffett နဲ့ Friday Night Seafood Buffet Dinner တွေကို သွားရောက်မြည်းစမ်းကြည့်ဖို့ သတင်းပေးဝေမျှလိုက်ပါတယ်။

Facebook Comments