Myanmar FoodBev နှင့် Myanmar HoReCa၂၀၁၅ ပြပွဲကျင်းပသွားမည်

1619607_804007466357633_727048479038563219_n

ရန်ကုန်၊ မြန်မာ၊ မတ်လ (၅) ရက်၊ ၂၀၁၅

ထိုင်းနိုင်ငံကုန်သည်များအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံကုန်သည်များအဖွဲ့နှင့် မြန်မာFoodBev ၂၀၁၅ တို့ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် အစားသောက်နှင့် အဖျော်ယမကာ၊ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံဟိုတယ်၊ စားသောက်ဆိုင်နင့် အစားအသောက်ထုတ်လုပ်သူများ ပါဝင်မည့်ပြပွဲကိုမတ်လ ၁၂ ရက်မှ ၁၄ ရက် အထိ မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါပြပွဲကို ICVEX ကုမ္ပဏီလီမိတက်၏ စီစဉ်စုစည်းမှုဖြင့် ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ထိုပြပွဲတွင် မြန်မာ၊ ဂျာမဏီ၊ သီရိလကာင်္၊ အင်ဒိုနီးရှား၊ စင်ကာပူ နှင့်ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီနှင့် အမှတ်တံဆိပ်ပေါင်း ၁၀၀ နီးပါး ပါဝင်ပြသမည်ဖြစ်ပါသည်။ပြခန်းများတွင် အစားအသောက်နှင့် အဖျော်ယမကာကုန်ကြမ်းများမှ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ပါဝင်သောပစ္စည်းများ၊ ထုတ်ကုန်များ၊ အစားအသောက်ဝန်ဆောင်မှု၊ လိုအပ်သည့် စက်ပစ္စည်းများ၊ အစားအသောက် ဆက်စပ်ပစ္စည်းများနင့် အဖျော်ယမကာများ၊ စားသောက်ကုန်ထုတ် လုပ်မှုလုပ်ငန်းအပြင် ဟိုတယ်နင့် စားသောက်ဆိုင်များတွင် လိုအပ်သော အစားအသောက်မဟုတ်သော ထုတ်ကုန်များကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်သည်။ အဆိုပါပြပွဲသည် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များနင့်  ခေတ်ရေ စီးကြောင်းပြောင်းလဲမှုကဲ့သို့သော စီးပွားရေးလက်တွဲလုပ်ကိုင်သူများ၊ အစားအသောက်ထုတ်လုပ်သည့်လုပ်ငန်းလုပ်ကိုင်သည့် ကျွမ်းကျင်သူများ၊ ၀န်ဆောင်မှုနင့် ထုတ်ကုန် များအတွက် အဆက်အသွယ်သစ်များကိုရှာဖွေနေသူများအပြင် စားသောက်ဆိုင်များ၊ ဟိုတယ်လုပ်ငန်းများ၊ အလွယ်တကူဝယ်ယူနိုင်သည့် စတိုးဆိုင်များ၊ စူပါမားကတ်များ၊ လက်လီဖြန့်ချိသူများ၊ လက်ကားရောင်းသူများ၊ ဖြန့်ချိသူများ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်နေသည့် အစားအသောက်ကျွမ်းကျင်သူများ၊ ကုန်သည်များအတွက် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါသည်။

ပြပွဲတွင် စိတ်ဝင်စားမှုအကောင်းဆုံးမှာ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဟင်းလျာချက်ပြုတ်ခြင်းသရုပ်ပြပွဲများ၊ ကော်ဖီဖျော်စပ်ခြင်းနင့်   ယမကာဖျော်စပ်ခြင်း သရုပ်ပြပွဲများဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ နာမည်ကျော် စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဘားတွေကိုဦးစီးလုပ်ကိုင်နေတဲ့ ကျွန်တော်တို့အသင်းရဲ့အဖွဲ့ဝင်တွေက ဒီအထူးသရုပ်ပြသမှုတွေကို ဦးဆောင်ပြုလုပ်မှာပါ။ ဒီအထူးသရုပ်ပြသမှုတွေနဲ့ သူတို့ရဲ့ ဟင်းလျာတွေကိုလူတွေကိုပြသဖို့ဆိုတာတကယ်ကိုရှားပါးတဲ့ အခွင့်အရေးပါ”ဟု မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဆန်နီအောင်ခင်က ပြောသည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီသွားလုပ်ငန်းကျွမ်းကျင်သူများအသင်း (MHPA)မှလည်း စိတ်ဝင်စားဖွယ် ပြပွဲပြိုင်ပွဲများစွာကို FoodBev နှင့် Myanmar HoReCa ၂၀၁၅ ပြပွဲတွင် ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ သုံးရက်ကြာပြပွဲတွင် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီသွားလုပ်ငန်းကျွမ်းကျင်သူများအသင်း (MHPA) မှ ဦးစီးကျင်းပ မည့် ပြပွဲ ပြိုင်ပွဲများမှာ Marzipan ပြုလုပ်မှုလက်ရာပြပွဲ၊ သစ်သီးပုံဖော်လက်ရာပြပွဲ၊ ပန်းအလှဆင်ပြပွဲ၊ လက်သုတ်ပုဝါခေါက်ပြပွဲ၊ အိပ်ရာပြင်ဆင်နည်းပြပွဲ၊ မြန်မာ့ရိုးရာ မင်္ဂလာဆောင်ပြပွဲ၊ အဖျော်ယမကာနှင့်ကော့တေးပြုလုပ်နည်းပြပွဲနှင့် အီတလီဆော့စ်များ သုံးပြီးပြုလုပ်မည့် မြန်မာခေါက်ဆွဲပြုလုပ်နည်းပြပွဲ စသည်တို့ဖြစ်သည်။ ထိုပြိုင်ပွဲများမှ တဆင့် မြန်မာနိုင်ငံ တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများ၏ အရေးပါသောအခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ အစားအသောက် အဖျော်ယမကာနှင့် မြန်မာနိုင်ငံဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးသူများပြပွဲ ၂၀၁၅ ကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၊ မြန်မာနိုင်ငံစားသောက်ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း (MFPEA)၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီသွားလုပ်ငန်းကျွမ်းကျင်သူများအသင်း (MHPA) တို့မှ တရားဝင်ပံ့ပိုးကူညီခြင်းဖြစ်သည်။

ပြပွဲ၏ အထူးဖျော်ဖြေတင်ဆက်မှုများကို မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ အစားအသောက်နင့် အဖျော်ယမကာများ ကျွမ်းကျင်သူများသာမက လာရောက်လေ့လာသူများသည် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရူ့နိုင်ခြင်း၊ အချို့သော ပြိုင်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းနင့် ဟင်းလျာအသစ်များနင့် အမျိုးမျိုးသော ကုန်ပစ္စည်းများကိုပြခန်းများစွာတွင် လေ့လာစူးစမ်းနိုင်မည်ဖြစ်သည်။

ပြပွဲကိုမတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲနောက်ဆုံးရက်တွင် ညနေ ၄ နာရီတွင် ပိတ်မည် ဖြစ်ပါ သည်။ ပြပွဲ၏နေရာမှာ ရန်ကုန်မြို့ရှိ MEPဖြစ်သည်။

ပြပွဲကို လာရောက်လေ့လာရန် သို့မဟုတ် အထူးဖျော်ဖြေပွဲများကို တက်ရောက်ရန် ကျေးဇူးပြုပြီး www.myanmarfoodbev.com အွန်လိုင်းမှတဆင့်  စာရင်းပေးသွင်းခြင်း သို့မဟုတ် ဖုန်းနံပါတ် (95) 0129 9781 သို့မဟုတ် 09 250 206 312 တို့ကို ဆက်သွယ်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

Facebook Comments

Menu