Myanmar CP Sustainable Development Goal

          မြန်မာစီပီကုမ္ပဏီ၏ “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးရည်မှန်းချက်များ” ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Signature Fine Dining & Garden Bistro ၌  ပြုလုပ်ခဲ့သည်။

          မြန်မာစီပီကုမ္ပဏီ၏ ဆောင်ရွက်လျက်ရှိသော အစီအစဉ်များဖြစ်သည့် သွေးလှူဒါန်းမှုကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များတွင် အမျိုးသားသွေးဌာနများ ကူညီပံ့ပိုး ပေးလျက်ရှိသည့် “Blood Can Save Lives” အစီအစဉ်၊ မိဘမဲ့ကလေးထိန်း သိမ်းစောင့်ရှောက်ရေးဂေဟာများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အလှူရှင်လိုအပ်နေသော စာသင်ကျောင်းများရှိ ကလေးများအား နွားနို့အာဟာရ တိုက်ကျွေးနိုင်ရန်ရည်ရွယ်သည့် “Milk for Kids” အစီအစဉ်၊ “Food for Life” အဖွဲ့က မိဘမဲ့ကလေးများနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ၏ လိုအပ်သော အစားအသောက်၊ ဆေးဝါးနှင့် အခြားလိုအပ်သောပစ္စည်းများကို ထောက်ပံ့ပေးခြင်းအစီအစဉ်နှင့် အသေးစားငွေချေးလုပ်ငန်းများက တောင်သူ လယ်သမားများ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ပြီး သင့်တင့်သော လူနေမှုဘဝများ ရရှိနိုင်စေရန် ရည်ရွယ်သည့် “Local Village Fund” အစီအစဉ် စသည့် အဖွဲ့အစည်းများစွာကို ရေရှည်တည်တံ့နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Facebook Comments