Myanmar Chefs Development Centre (MCDC) မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ

News_14

Myanmar Chefs Development Centre (MCDC) မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ

သင်တန်းကျောင်းအတွေ့အကြုံရှိ ASEAN Master Assessors များ၊ ၀ါရင့်စားဖိုမှူးကြီးများနှင့် Celebrities စားဖိုမှူးကြီးများ တစ်စုတစ်စည်းထဲ ပူးပေါင်းဖွင့်လှစ်သည့် MCDC Myanmar Chefs Development Centre မြန်မာစားဖိုမှူး ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၆၆)လမ်း၊  အမှတ် (၃၈)၊ (၅)လွှာတွင် ၂၀၁၆၊ မေလ (၁)ရက်နေ့၌ စတင်ဖွင့်လှစ်ကြောင်း မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ MCDC ၏ အဓိကရည်ရွယ်ချက်မှာ စားဖိုမှူးငယ်များကို လေ့ကျင့်ပေးရန်နှင့် အဆင့်မြှင့်တင်ပေးနိုင်ရန်၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စားဖိုမှူးများကို Cross Training ပေးနိုင်ရန်နှင့် အဆင့်မြှင့်တင်နိုင်ရန်၊ အိမ်ရှင်မများနှင့် အချက်အပြုတ် ၀ါသနာပါသူတို့အတွက် သင်တန်းများ ပို့ချနိုင်ရန်နှင့် ထုတ်ကုန်များ အရောင်းမြှင့်တင်ခြင်းနှင့် သရုပ်ပြခြင်းများကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း သိရသည်။

တက်ရောက်နိုင်သော သင်တန်းများမှာ Level-1 (International Basic Culinary Course)၊ Level-2 (International Intermediate Culinary Course)၊ Level-3 (International Advanced Culinary Course) နှင့် Short Course (အိမ်ရှင်မများနှင့် အချက်အပြုတ်ဝါသနာရှင်များအတွက် သီးသန့်)သင်တန်းများ ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့် ကိုက်ညီအောင် ရေးဆွဲထားပြီး ၀ါရင့်စားဖိုမှူးကြီးများမှ သင်ကြားပေးသည်။ ယူနီဖောင်းပေးအပ်ပြီး ဆေးစစ်ခြင်းများကိုပါ ထည့်သွင်းထားပေးသည်။ နိုင်ငံတကာအဆင့်မီ မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြု၍ သင်ကြားပေးသည့် သင်တန်းဖြစ်သည်။ သင်တန်းအောင်မြင်စွာ ပြီးဆုံးပါက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Hospitality Training များ၊ ထုတ်ကုန် အရောင်းမြှင့်တင်ခြင်း နှင့် သရုပ်ပြဆောင်ရွက်ခြင်းများ၊ အကြံပေးနှင့် ပရောဂျက်သင်တန်းများ၊ ပြင်ပကျွေးမွေးခြင်း (Catering Services)များ၊ Training Restaurant ဖွင့်လှစ်ခြင်း၊ Hospitality Academy ထူထောင်ခြင်းနှင့် လူသစ်စုဆောင်းခြင်းများကိုပါ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်စင်တာ၏ လိပ်စာမှာ အမှတ် (၃၈)၊ (၅)လွှာ၊ (၆၆)လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး MCDC Office ၀၉-၇၉၃၈၉၉၅၀၉၊ စားဖိုမှူးကြီး ဦးဆန်နီ ၀၉-၉၇၇၃၈၃၈၆၂ နှင့် ဦးခင်မောင်လွင် (အေးရှားမာစတာစ်) ၀၉-၄၂၁၁၀၀၁၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Facebook Comments

Menu