MONIN Coffee Creativity Cup 2017

 

MONIN Coffee Creativity Cup 2017

            MAR Myanmar Services Co., Ltd. နဲ့   MONIN တို့ ပူးပေါင်းပြီးMONIN Coffee Creativity Cup 2017ကိုဗဟန်းမြို့ နယ် ၊ နတ်မောက်လမ်းမှာရှိတဲ့ SMVTI Vocational Training Institute မှာဇူလိုင်လ ၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ Partnership အနေနဲ့ Golden Brown Coffee Co., Ltd. နဲ့ SMVTI Vocational Training Instituteတို့မှလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ MONIN Coffee Cretivity Cup ကိုတော့ ပြည်တွင်းမှာရှိတဲ့ Hotel, Restaurant, Bar, Coffee Shop, F&B Training School တွေမှာ အလုပ်လုပ်ကိုင်နေတဲ့အသက် ၂၇ နှစ်အောက် Barista ၁၆ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ထို ၁၆ ဦးထဲမှ အမှတ်အများဆုံးရရှိသူ ၅ဦးအား Black Box System ဖြင့် ထပ်မံယှဉ်ပြိုင်စေခဲ့ပြီးမှ ထို ၅ ဦးမှ အမှတ်အများဆုံးရရှိသူ ၃ ဦးအား ဆုချီးမြှင့်ခဲ့ပါတယ်။ Champion အနေဖြင့် Belmond Governor’s Residence မှ မောင်မင်းဟိန်းခန့် ၊ 1stRunenr up ကိုတော့ WTC သင်တန်းကျောင်းမှ မမြင့်မြတ်ကျော် နဲ့ 2nd Runner up ကိုတော့ Café Lab မှ မောင်မြတ်သူတို့မှ အသီးသီးရရှိခဲ့ကြပါတယ်။  Champion ဆုကိုရရှိခဲ့တဲ့ Belmond Governor’s Residence မှ မောင်မင်းဟိန်းခန့်အနေဖြင့် November လမှာ ကျင်းပပြုလုပ်မဲ့ Global Coffee Cup 2017 ကိုKorea နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Facebook Comments