Milky နို့ဆီအသစ် မိတ်ဆက်ခြင်းအခမ်းအနား

          Milky နို့ဆီမိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ Sule Shangri-La Hotel-Grand Ballroom မှာ ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များနှင့် သတင်းမီဒီယာများလည်း တက်ရောက်ခဲ့ကြပါတယ်။

          အဲဒီအခမ်းအနားမှာ Myanmar ComBiz Group ဥက္ကဋ္ဌ ဦးအောင်စိုးသာက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့်အတူ Milky နို့ဆီမိတ်ဆက်အခမ်းအနားနှင့် ညစာစားပွဲကို ကျင်းပခဲ့ပါတယ်။ ၄င်းနောက် Myanmar ComBiz Trading Co.,Ltd မှ Sales & Marketing Manager ဦးအောင်မျိုးဦးက Milky နို့ဆီ ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

          Milky နို့ဆီကို အရည်အသွေးကောင်း ကုန်ကြမ်းများမှ ထုတ်လုပ်ထားပြီး ကျန်းမာရေးကို ထိခိုက်စေသော ပြည့်ဝဆီများ၊ ဓာတ်ုပစ္စည်းများ ထည့်သွင်းပြုလုပ်ထားခြင်းမရှိဘဲ နိုင်ငံတကာ စံချိန်စံညွှန်းများဖြစ်သည့် ISO 9001-2015 နှင့် HACCP Certificate လက်မှတ်များ၊ FDA လက်မှတ်များ ရရှိထားတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သော နို့ဆီဖြစ်ပါတယ်။ Milky နို့ဆီဘူးကို အလွယ်တကူ ဖွင့်ဖောက်နိုင်အောင် လက်ကိုင်သံကွင်းနဲ့ ထုတ်လုပ်ထားပါတယ်။ လက်ဖက်ရည်၊ ကော်ဖီတို့နဲ့သာမက စားသောက်ဖွယ်ရာများနှင့်ပါ တွဲဖက်စားသုံးနိုင်သော Milky နို့ဆီအရသာကို စားသုံးသူ အားလုံး ကြိုက်နှစ်သက်အောင် ထုတ်လုပ်ထားပါတယ်။ Milky နို့ဆီကို Myanmar ComBiz Trading Co.,Ltd မှ ဖြန့်ချိပြီး အမြို့မြို့အနယ်နယ်ရှိ လက်လီ၊ လက်ကားဆိုင်ကြီးများမှာ ဝယ်ယူရရှိနိုင်ပြီး Hot line number -095151555 သို့ ဆက်သွယ်စုံစမ်းမေးမြန်း မှာယူနိုင်ပါတယ်။

          အခမ်းအနား တက်ရောက်လာသူများမှ Milky နို့ဆီဘူးပေါင်း ၁၀ဝ၀ ရဲ့ ကံထူးရှင်ကို နိုင်ငံကျော်အနုပညာရှင် ဇဏ်ခီက မဲနှိုက်ရွေးချယ်ပြီး လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ ထို့ပြင် Junior Creative ရဲ့ Shadow Dance ဖျော်ဖြေမှုများ၊ နိုင်ငံကျော်အဆိုတော်များရဲ့ တေးသီချင်းဖျော်ဖြေမှုများ၊ မျက်လှည့်ပညာရှင် Damien ရဲ့ ထူးခြားဆန်းသစ်သော မျက်လှည့်ဖျော်ဖြေမှုများ၊ တက်ရောက်လာသူတိုင်းအတွက် အမှတ်တရလက်ဆောင် များဖြင့်လည်းကောင်း၊ ပျော်ရွှင်ဖွယ်ရာကောင်းသောကစားပွဲများ၊ အဆင့်မြင့် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပခဲ့ပါတယ်။

Facebook Comments

Menu