Melia Hotel Yangon, The Market စားသောက်ဆိုင်က Sundat Branch စားဖြစ်ခဲ့ရင် မလွတ်တမ်းစားစေချင်တဲ့ ဟင်းလျာ (၈) မျိုး

တန်ဆောင်တိုင်ရုံးပိတ်ရက်ရှည်မှာ ဘယ်မှမသွားဖြစ်ဘဲ စာဖတ်မယ်၊ Netflix မှာ ကြည့်ဖို့ စိတ်ကူးထားတာတွေကြည့်မယ်၊ ပိတ်ရက်မှာ လုပ်လို့ရတဲ့အလုပ်ကိစ္စတွေလုပ်မယ် စသည်ဖြင့်ပေါ့လေ။ စိတ်ကူးထားတဲ့အတိုင်း နိုဝင်ဘာလ ၁၀ ရက်နေ့က အလုပ်ကိစ္စနဲ့ Melia Hotel Yangon The Market က တည်ခင်းတဲ့  Sunday Branch ကို ရောက်ခဲ့တယ်။ အစီအစဉ်က Melia Hotel Yangon က  မာကွန်းမန်နေဂျာ ကိုထက်မြင့်ကိုကိုနဲ့ တွေ့ ပြီး ဟိုတယ်က ဖိုင်းဒိုင်းနင်းစားသောက်ဆိုင်The Olea မှာ ရိုက်မယ့်ရိုက်ကူးရေးတစ်ခုအတွက် ဟင်းလျာတစ်ခုကို မြည်းစမ်းရင်း ပြောစရာလေးတွေရှိတာကြောင့်ပါ။ အာလူးတစ်ခြမ်း လက်ရာက ပင်တိုင်တင်ဆက်နေကြဖြစ်တဲ့Master Chef Myanmar Season 1 winner မတင်တင်ဦးရယ်၊ အာလူးတစ်ခြမ်းက ပရိုဂျူဆာတစ်ယောက်ရယ်၊ ကိုထက်မြင့်ကိုကိုရယ် လေးယောက်သား  The Matket က တည်ခင်းတဲ့Sunday Branch ရောက်ခဲ့တယ် ဆိုပါ တော့။

ရောက်တုန်း အစားအသောက်တွေမြည်းစမ်းဖြစ်ရင်း နှစ်သက်မိတာကြောင့်The Market က တည်ခင်းတဲ့Sunday Branch သွားစားဖြစ်ခဲ့ရင် မစားမဖြစ် စားစေချင်တဲ့ အစားအသောက်တွေအကြောင်း ပြောပြချင်ပါတယ်။

Melia Hotel Yangon, The Market စားသောက်ဆိုင်က မနက်စာ၊ နေ့လယ်စာ၊ ညစာ။ ယခုလို Sunday Branch မနက်၊ နေ့လယ်စာတွေကို ဘူးဖေးတည်ခင်းတဲ့ စားသောက်ဆိုင်ပါ။ ဟိုတယ်မှာ တည်းနေတဲ့ ဧည့်သည်ရော၊ အပြင်က ဧည့်သည်ပါ ဝယ်ယူသုံးဆောင်နိုင်ပါတယ်။ နေ့တိုင်းဖွင့်ပါတယ်။ နေရာကျယ်ဝန်းပြီး အယောက် ၂ဝဝ ကျော် တစ်ပြိုင်တည်း တည်ခင်းနိုင်တယ်လို့ဆိုပါတယ်။ ဘူဖေးကောင်တာ၊ စားပွဲ၊ ကုလားထိုင်တွေကို နေရာတကျခင်းကျင်းထားပုံကြောင့် ကျယ်ဝန်းတဲ့ အရသာကို ခံစားမိမှာပါ။ အချိန်ကတော့ မနက် ၁၁ နာရီခွဲကနေ မွန်းလွဲ ၃ နာရီအထိ စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။ အစားအသောက်တွေကတော့ Sunday Branch တွေရဲ့ ထုံးစံ အတိုင်း ရွေးချယ်စရာများပြားပါတယ်။ အာရှအစားအစာတွေဖြစ်တဲ့ ဆူရှီ၊ ဆာရှိမီ၊ ဗီယက်နမ်စာ အမဲသားသုပ်၊ အမဲစွပ်ပြုတ် Beef Pho, ကော်ပြန့်လိပ်က စလို့ ဝက် ကလေးသား၊ ဝက်ခေါက်ကင်၊ ပီကင်းဘဲကင်၊ ဒင်ဆမ်း၊ ဒံပေါက်၊ ကြက်သားတန်ဒိုရီ စသဖြင့် အမျိုးအစားစုံလင်ပါတယ်။

မြေထဲပင်လယ်ဒေသစာတွေဆိုရင်လည်း ပါစတာမျိုးစုံ၊ ရှာဝါးမား၊ ဆိတ်ကဘက်၊ ပီဇာ၊ prime ribs, lamb chop, စပိန်စာတစ်မျိုးဖြစ်တဲ့ ပင်လယ်စာ ပိုင်လာ (Seafood Paella) စသဖြင့်၊ ချိစ်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုး အမည်မျိုးစုံ ပါဝင်ပါတယ်။ အချိုပွဲမျိုးစုံနဲ့ သစ်သီးတွေအပြင် သောက်စရာတွေကတော့ စပါကလင်ဝိုင်၊ ဝိုင်ဖြူ/နီ၊ ဘီယာနဲ့ ကော်ဖီတို့ ပါဝင်ပါတယ်။

အဲဒီတော့ ရွေးချယ်စရာတွေက များပြားလွန်းတာကြောင့် Melia Hotel Yangon, The Market စားသောက်ဆိုင်က  Sunday Branch စားဖြစ်ခဲ့ရင် မလွတ်တမ်း မစားမဖြစ်စားစေချင်တဲ့ ဟင်းလျာတွေကို ပြောပြချင်ပါတယ်။

၁။ Sashimi-fish (ဆာရှိမီ)

ဂျပန်စာတစ်မျိုးပါ။ လတ်ဆတ်တဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ရဲလိုးတေးငါးတွေရဲ့ အရသာက နူးညံ့ပါတယ်။ အရသာပြင်းတဲ့ တခြားဟင်းလျာတွေမစားခင်မှာ စားရင် ပိုကောင်းပါတယ်။ ပဲငံပြာရည်အကြည်ထဲ ဝါဆာဘီ နှစ်သက်သလောက်လေး နည်းနည်း ထည့်ပြီး ငါးအသားလွှာပါးပါးကို နှစ်ပြီးစားရင် အရသာတွေ့မှာပါ။ အသားလွှာကို ခပ်ပါးပါး လေး လှီးခိုင်းပါ။ စပါကလင်ဝိုင် ဒါမှမဟုတ် ဝိုင်ဖြူနဲ့ လိုက်ဖက်ပါတယ်။

၂။ Vietnam Beef Salad (ဗီယက်နမ်အမဲသားသုပ်)

အသားက နူးညံ့ပြီး ချဉ်၊ ငန်၊ စပ် ညီညွတ်မျှတစွာ ပေါင်းစပ်ထားပါတယ်။ စပါကလင်ဝိုင်၊ ဝိုင်နီနဲ့ဆို လိုက်ဖက်ပြီး နောက်စားမယ့်အစားအစာအတွက် ခံတွင်းရှင်းစေ ပါတယ်။ အသားမကြိုက်သူတွေအတွက်တော့ ပင်လယ်စာသုပ် စားကြည့်ဖို့ အကြံပေးချင် ပါတယ်။ ပင်လယ်စာအတွက် ဝိုင်ဖြူက အဆင်ပြေမှာပါ။

၃။ Oyster (ကမာကောင်)

လတ်လတ်ဆတ်ဆတ် Oyster တွေကို သံပရိုသီး၊ ဒါမှမဟုတ်Hot Sauce တစ်မျိုးနဲ့ဆို အကြိုက်တွေ့မှာပါ။ တွဲဖက်စားသုံးဖို့ ဆော့စ်တွေလည်း အဆင်သင့်ပါ။ ဝိုင်ဖြူနဲ့လိုက်မှာပါ။ စားသုံးချိန် အများကြီးပေးထားတာကြောင့် အေးအေးဆေးဆေး အချိန်ယူပြီး သုံးဆောင်စေချင်ပါတယ်။

Oyster စားနေကျမဟုတ်လို့ နောက်တစ်ခုပြောပါဆိုရင်တော့ လတ်လတ်ဆတ်ဆတ် ကဏန်း Mud Crab ကို အကြံပြုပါရစေ။

၄။ Iberico (တောဝက်သားဝက်ပေါင်ခြောက်)

စပိန်ဝက်ပေါင်ခြောက်တစ်မျိုးပါ။ ပေါင်မုန့်၊ ချိစ်မျိုးစုံ ခင်းကျင်းထားတဲ့ ကောင်တာမှာ ရှိပါတယ်။ သဘာဝနည်းနဲ့ တာရှည်အထားခံအောင် လုပ်ထားတဲ့ ဝက်ပေါင်ခြောက်ပါ။ မိရိုးဖလာနည်းနဲ့ အနည်းဆုံး တစ်နှစ်နဲ့ရှစ်လ အချိန်ယူရပါတယ်။ ပေါင်မုန့်ချပ်ပေါ်မှာ ခရမ်းချဉ်သီးဆော့စ် တစ်မျိုးနဲ့ တည်ခင်းပါတယ်။ ဝက်ပေါင်ခြောက်ဆိုပေမယ့် အသားက နူးညံ့ပါတယ်။ ဆားသိပ်ထားတဲ့ အငန်အရသာက ခရမ်းချဉ်သီးဆော့စ်၊ ပေါင်မုန့်တို့နဲ့ လိုက်ဖက်ပါတယ်။ သံလွင်သီးနဲ့လည်း တွဲဖက်သုံးဆောင်ဖို့ မမေ့ပါနဲ့။

၅။ Pasta (ပါစတာ)

အီတလီစာတစ်မျိုးဖြစ်တဲ့ ပါစတာကိုလည်း စားဖြစ်အောင် စားစေချင်ပါတယ်။ ပါစတာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပါတယ်။ ကြိုက်နှစ်သက်ရာ ရွေးချယ်ပါ။ ဆော့စ်က (၆) မျိုး ရနိုင်ပါတယ်။ သိကြတဲ့အတိုင်း ကလေးတွေအတွက်ဆိုရင် ကာဗိုနာရာနဲ့ လူကြီး အတွက်ဆိုရင်တော့ ခရမ်းချဉ်သီးနဲ့ Bolognese ကို အကြံပြုချင်ပါတယ်။ ဒီနေရာမှာ ပြည့်ပြည့်တင်းတင်းစားတာထက် အရသာခံရုံ၊ မြည်းစမ်းရုံစားတာ ပိုကောင်းပါတယ်။

၆။ Shawama (ရှာဝါးမား)

မြေထဲပင်လယ်ဒေသစာတစ်မျိုးပါ။ တိတိကျကျဆိုရင်တော့ အရှေ့အလယ်ပိုင်း လမ်းဘေးစာ အသားကင်တစ်မျိုးပါ။ မူလကတော့ သိုးသားကို ကင်ကြတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ကြက်သား၊ တာကီ၊ အမဲသားစတဲ့ အသားတွေကိုလည်း ကင်ကြ ပါတယ်။ အသားနှပ်တဲ့အခါ သုံးထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ စုံလင်ညီညွတ် တာကြောင့် စားကောင်းပါတယ်။ ပီတာပေါင်မုန့်ပြား နဲ့ထုပ်ပြီး စားတာ ပိုအရသာတွေ့မှာပါ။

၇။ Seafood Paella (ပင်လယ်စာ ပိုင်လာ)

စပိန်စာ တစ်မျိုးပါ။ ပင်လယ်စာ ပိုင်လာကို မွန်းတည့် ၁၂ နာရီလောက်မှာ အမှုဆောင် စားဖိုမှူးကြီးကိုယ်တိုင် ပြင်ဆင်ပေးပါတယ်။ ပင်လယ်စာတွေကို စပိန်ဆန်တစ်မျိုးနဲ့ အလွှာခပ်ပါးပါး၊ မီးအချိန်အဆကောင်းကောင်း၊ ပြုတ်ရည်ကောင်းကောင်းနဲ့ ချက်ထား တာပါ။ မူလပုံစံဆိုရင်တော့ ထမင်းက မာဆတ်ဆတ်လေးရှိပါတယ်။ ဒါပေမဲ့ အာရှသား တွေအတွက် အဆင်ပြေအောင် အနေတော် ချက်ထားတာတွေ့ရပါတယ်။ မာဆတ်ဆတ် အရသာလည်း မပျောက်ပါဘူး။ ပူပူနွေးနွေးသုံးဆောင်ရင် ပိုကောင်းတာကြောင့် ကောင်တာမှာ ကြိုတင်မှာထားဖို့လိုပါမယ်။ မဟုတ်ရင် ခဏလေးနဲ့ ကုန်သွားတတ်ပါတယ်။ ခံတွင်းမတွေ့ဘူးဆိုရင်တော့ အာရှသားတွေကြိုက်တဲ့ ဒံပေါက်ကို အကြံပေးပါရစေ။ အခြားရွေးချယ်စရာတွေ မြည်းစမ်းချင်သေးတယ်ဆိုရင်တော့ ပြည့်ပြည့်တင်းတင်း

အဝမစားဖို့ အကြံပေးချင်ပါတယ်။

၈။ Macaron, Sorbet

ပြင်သစ်အချိုပွဲတစ်ခုဖြစ်တဲ့ Macaron က ပုံစံတစ်မျိုး ခွဲထွက်ထားသလိုပါပဲ။ စားနေကျ Macaron တွေလို အချိုများပြီး အပေါ်ယံခပ်ကြွပ်ကြွပ်မဖြစ်ဘဲ အချိုမများဘဲ ြွကပ်တဲ့အရသာလည်း မပျောက်လို့ စားကောင်းပါတယ်။ အိုင်စ်ခရင်မ်အစား အသီး အရသာပိုပါတဲ့ ဆိုဘေး (Sorbetအ) ကို ရွေးစေချင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်ဆိုတာ အခုလို တစ်ခါတလေ အလုပ်အားလပ် ရက်မှာ မိသားစု၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျလို့ စိတ်အေးလက်အေး ဖြည်းဖြည်းချင်းစားရင် နေ့စဉ် ဖိအားတွေအောက်ကနေ ခဏ ရုန်းထွက်နိုင်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်မှာပါ။ စားသုံးချိန်ကို ၄ နာရီနီးပါးလောက် ပေးထားတာကြောင့်လည်း စိတ်အေးလက်အေးနဲ့ သုံးဆောင်နိုင်မှာပါ။ ကလေးငယ် လေးတွေပါတဲ့ မိသားစုတွေအတွက်လည်း ကလေးကစားကွင်းငယ်လေး တစ်ခုအတွက် နေရာလုပ်ပေးထားပါတယ်။

ဈေးနှုန်း

တစ်ယောက်ကို 48 USD net ပါ။ ဒီဈေးနှုန်းက အာဆီယံဒေသတွင်း နိုင်ငံတွေထဲ မှာတောင် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးထဲပါတဲ့ ကိုယ်တွေနိုင်ငံကသူတွေအတွက်တော့ မနည်းလှပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း အစားအသောက်အရည်အသွေး၊ ဝန်ဆောင် မှုနဲ့ဆို ပေးရတာနဲ့ ထိုက်တန်တယ်လို့ ဆိုရပါမယ်။ သုံးဆောင်ချင်တယ်ဆိုရင်တော့

ကြိုတင်ဘိုကင်လုပ်ဖို့တော့လိုပါမယ်။ ျွနျနမလအေငသည အတွက် ဖုန်း- ဝ၁ ၉၃၄၅ဝဝဝ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Facebook Comments

Menu