Mega Lifesciences Ltd., Myanmar က ကိုကောင်းထက်ဇော်ကို Brand Ambassador ခန့်အပ်ခဲ့

          ဗိုက်တာကက်(ပ်) (Vitacap) အဆင့်မြင့်အားဆေးကို ထုတ်လုပ်တဲ့ Mega Lifescien-ces  Ltd., Myanmar က ကိုကောင်းထက်ဇော်ရဲ့ မွေးနေ့ပွဲနှင့် Brand Ambassador ခန့်အပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့က Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။

          ဗိုက်တာကက်(ပ်) (Vitacap) အဆင့်မြင့်အားဆေးကို Mega Lifesciences (Australia) Pty. Ltd., ရဲ့ ခွင့်ပြုချက်လိုင်စင်အရ နိုင်ငံတကာ အဆင့်မီ နည်းပညာများဖြင့် ထုတ်လုပ်ထားပါတယ်။ အဲဒီ ဗိုက်တာကက်(ပ်) (Vitacap) အဆင့်မြင့်အားဆေးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ့် ဗီတာမင်နှင့် သတ္တုဓာတ် (၁၈) မျိုးတို့ကို အချိုးအစားမျှတစွာ ပေါင်းစပ်ထားတယ်လို့လည်း သိရပါတယ်။

          အဲဒီအဆင့်မြင့်အားဆေးဟာ တစ်ချိန်က ‘မမေ့နဲ့နော် Vitacap’ ဆိုတဲ့ ကိုသားကြီး (ဒွေး) ရဲ့ ကြော်ငြာလေးနဲ့ လူသိများခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီအားဆေးကို ကိုကောင်းထက်ဇော်နဲ့ပူးပေါင်းပြီး ထူးခြားတဲ့ အစီအစဉ်လေးတွေ ပြုလုပ်သွားမယ်လို့လည်း Mega Lifesciences Ltd., Myanmar မှ Dr. Zon Lei Maung က ပြောကြားခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Facebook Comments