Mega Lifesciences Ltd., Human Well Division မှ Glucomeal အာဟာရဖြည့်စွက်မှုန့်နှင့် Eugica သဘာဝဆေးရေနွေးကြမ်း ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ

          Mega Lifesciences Ltd., Human Well Division မှ သွေးချို ဆီးချို ဝေဒနာရှင်များအတွက် အသစ်တင်သွင်းသော Glucomeal အာဟာရဖြည့်စွက်မှုန့်နှင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာ သက်သာပျောက်ကင်းစေသော Eugica သဘာဝဆေးရေနွေးကြမ်း ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ Pan Pacific Hotel (Pacific ballroom) မှာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲမှာ Mega Lifesciences Ltd., မှ Business Director Dr. သင်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ Product Manager Dr. ဇွန်လဲ့မောင်က Product နဲ့ ပတ်သက်ပြီး ” Glucomeal က တခြားနို့မှုန့်တွေနဲ့မတူတဲ့ ထူးခြားတဲ့အချက်လေးတွေ ရှိပါတယ်။ အဲဒါက ဆီးချိုဝေဒနာရှင်တွေအတွက် သွေးတွင်း သကြားပမာဏကို ထိန်းညှိပေးတဲ့ ပုံမှန်နို့ထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပြီး Whey Protein ပါဝင်ပြီးတော့ ဆီးချို ရောဂါဝေဒနာရှင်များသာမက ဆီးချိုရောဂါဖြစ်ရန် အလားအလာရှိသူများပါ သောက်သုံးနိုင်ပါတယ်။ Whey Protein ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နို အက်စစ်များပါဝင်ပြီး ပဲနို့၊ ပြောင်းဖူးနဲ့ ဂျုံများထက် ပိုမိုပြည့်ဝတဲ့ ပရိုတင်းဓာတ်များ ပါဝင်ပါတယ်။ ဒါ့အပြင် သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေခြင်းနဲ့ သကြားဓာတ် မများစေတဲ့ ကာဗိုဟိုက်ဒရိတ်များ ပါဝင်ပါတယ်။”

          “Eugica (ယူဂျီကာ) သဘာဝဆေးရေနွေးကြမ်းကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ ရာသီဥတု အပြောင်းအလဲ၊ စိတ်ဖိစီးမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် လေထိုးလေအောင့်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ နကါငခေ (ယူဂျီကာ)ကို ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးရာမှာ အထောက်အကူပြုပြီး အအေးမိ ဖျားနာဝေဒနာများကို ကြိုတင် ကာကွယ်ပေးပါတယ်။ Eugica (ယူဂျီကာ)ကို ချင်း၊ ပတဲကော၊ ဇီရာ၊ ငရုတ်ကောင်း၊ ပိတ်ချင်း သီး၊ နနွင်းနွယ်၊ နွယ်ချို၊ မုယားကြီးအပါအဝင် အစွမ်းထက် ဆေးဘက်ဝင် သစ်မြစ်၊ သစ်ဖု ၁၄ မျိုးဖြင့် ပေါင်းစပ်ပြီး ၁၀ဝ% သဘာဝဆေးဖက်ဝင် သစ်မြစ်၊ သစ်ဖုများဖြင့် ဖော်စပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာနဲ့ အချိန်မရွေး၊ နေရာမရွေး သောက်သုံးနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

          ဒါ့အပြင် Product Manager Dr. ဇွန်လဲ့မောင်က ဆက်လက်ပြီး “အခုလိုမျိုးပွဲကို လာရောက်ချီးမြှင့်အားပေးကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ဧည့်သည်တော်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Facebook Comments