MCDC Shield’s 2017 Seafood Cooking Competition

   

MCDC  Shield’s 2017 Seafood Cooking Competition

မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MCDC) ဒိုင်း၂၀၁၇ ကို တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ပင်လယ်ထွက်ကုန်နဲ့ သား၊ ငါးပြပွဲ၂၀၁၇ မှာ ကျင်းပခဲ့ပါတယ်။ ပင်လယ်စာဟင်းချက်ပြိုင်ပွဲကို သင်တန်းသူသင်တန်းသားများနှင့် လူသစ်တန်းစားဖိုမှူးများကို ဖိတ်ခေါ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကို ၂ ရက် ကျင်းပခဲ့ပါတယ်။ ဇူလှိုင်လ ၈ ရက်နေ့မှာ အရှေ့တိုင်းအရသာ ပင်လယ်စာဟင်းချက်ပြိုင်ပွဲကို ပွဲစဉ် ၃ မျိုးခွဲပြီး ကျင်းပခဲ့ပါတယ်။ဇူလှိုင်လ ၉ ရက်နေ့မှာ အနောက်တိုင်းအရသာ ပင်လယ်စာ ဟင်းချက်ပြိုင်ပွဲကိုလည်း ပွဲစဉ် ၃ မျိုးခွဲပြီး ကျင်းပခဲ့ပါတယ်။ ဆုရရှိတဲ့ စားဖိုမှူးငယ်များကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း၊ ငွေသားဆု နဲ့ ပွဲဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ Company များမှ လက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ စားဖိုမှူးငယ်ပြိုင်ပွဲဝင် အားလုံးကိုလည်း လက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။
ပင်လယ်စာဟင်းချက်ပြိုင်ပွဲကို MCDC, Fisheries & Live Stock Expo 2017, Pentastellar Even Management တို့ ပူးပေါင်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

Facebook Comments