MAMA THANK YOU PARTY 2018

          မားမားခေါက်ဆွဲကို အစဉ်တစိုက်ဝယ်ယူအားပေးနေသော ကျေးဇူးရှင် အရောင်းဆိုင်ကြီးများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ၄ လတိတိ ရန်ကုန်မြို့ရှိ အရောင်းဆိုင်ကြီးများကို သီးသန့် ပြုလုပ်ပေးတဲ့ ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို ရန်ကုန်မြို့ရှိ Lotte Hotel မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေခင်းမှာ ကျင်းပခဲ့ပါတယ်။

          အဲဒီကံစမ်းမဲအစီအစဉ်မှာ မားမားခေါက်ဆွဲ (1 Box) ဝယ်ယူသော ဆိုင်များမှ ကူပွန် ၁ ခုနှုန်းပေးအပ်ပြီး မာမားဘူး ခေါက်ဆွဲ (1 ctn) ကို ကူပွန်နှစ်ခုနှုန်း၊ မားမား  Snack တစ်ဖာကို ကူပွန် ၄ ခုနှုန်း ပေးအပ်ပြီး အဆိုပါကူပွန်မှာ ဆိုင်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် တို့ကို ဆိုင်ရှင်က ပြည့်စုံစွာဖြည့်စွက်ပြီး ကုမ္ပဏီသို့ ပြန်လည်ပေးပို့ ကံစမ်းရတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။ အဲဒီကံစမ်းမဲ အစီအစဉ်မှာ အရောင်းဆိုင်ကြီးများအတွက် ပထမဆု ကျပ်သိန်း ၁၀ဝ၊ ဒုတိယဆု ကျပ်သိန်း ၅၀၊ တတိယဆု ကျပ်သိန်း ၃၀ (နှစ်ဆု)၊ စတုတ္ထဆု ကျပ်သိန်း ၂၀၊ ပဉ္စမဆု ကျပ် ၁၀ သိန်း (ငါးဆု) တို့အပြင် အခြားကံစမ်းမဲများအဖြစ် Panasonic 32” TV, Samsung Mobile Phone, Refrigerator, Water Cooler, Micro Wave Oven တို့ ဖြစ်ပါတယ်။

          မားမားခေါက်ဆွဲကုမ္ပဏီက နောက်နောင်များမှာ ဝယ်ယူအားပေးကြတဲ့ ကုန်သည်ကြီးများအား ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်များစွာကို အခါအားလျော်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Facebook Comments