MacCoffee က ကော်ဖီသောက်ရင်း ပျော်ရွှင်မှုများကို ဝေမျှသွားမည့် Coffee O-Clock ပွဲတော်

          နိုင်ငံတကာအသိအမှတ်ပြု ဆုရအမှတ်တံဆိပ်ဖြစ်သည့် MacCoffee က နှစ်ပေါင်း ၂၀ ကြာ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရှိ ကော်ဖီချစ်သူများအတွက် ပွဲတော်ကို Junction City ၌ မေလ ၁၂ ရက်နေ့က ကျင်းပခဲ့သည်။ ၄င်းသည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားသော ကော်ဖီအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် MacCoffee The Original နှင့် MacCoffee While Coffee အမျိုးအစားနှစ်မျိုးမှာ လူကြိုက်များလျက်ရှိသည်။ MacCoffee ၏ ပွဲတော်များမှတစ်ဆင့် လူအများ၏ တစ်နေ့တာအတွင်း အနှစ်သက်ဆုံး ကော်ဖီချိန်များတွင် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည့် ထူးခြားသည့် ကော်ဖီချိန်အခိုက်အတန့်များကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။ MacCoffee ပွဲတော်ကို ‘‘Coffee O-Clock” ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တစ်နေ့တာအတွင်း သတ်မှတ်ထားသော အထူးကော်ဖီချိန်များတွင် သင်းပျံ့သည့် အနံ့၊ စစ်မှန်သည့် အရသာရှိသော MacCoffee များကို အခမဲ့ သောက်သုံးနိုင်မည်ဟု သိရသည်။

          ထိုအခမ်းအနား၌  MacCoffee ၏  Brand Representative ဖြစ်သူ Myanmar Idol Season 2  ဆုရှင် သားငယ်နှင့် နာမည်ကျော်အဆိုတော် Jewel တို့က သီဆိုဖျော်ဖြေခဲ့ပြီး ပျော်ရွှင်စရာ ကာရာအိုကေပြိုင်ပွဲ အပါအဝင် ဂိမ်းပြိုင်ပွဲများအပြင် အခမ်းအနားတွင် မတင်မျိုးဆက်၊ မော်လ်ဒယ်/သရုပ်ဆောင် ငြိမ်းသော်နှင့်အတူ သရုပ်ဆောင် ယွန်းယွန်းတို့ ပါဝင်သည့် စကားဝိုင်းတစ်ခုကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ နေ့စဉ်လူနေမှု ဘဝများတွင် ကော်ဖီသည် အစိတ်အပိုင်းတစ်ခုအဖြစ် နေရာယူလာပုံ၊ ကော်ဖီကို စတင် ကြိုက်နှစ်သက်ခဲ့ပုံနှင့် ကော်ဖီမှရသည့် အကျိုးကျေးဇူးများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

          MacCoffee ‘‘Coffee O-Clock’’ ပွဲတော်ကို မန္တလေးမြို့ Mingalar Mandalay ဈေးဝယ်စင်တာ၌ မေလ ၂၆ ရက်နေ့တွင် ထပ်မံကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင်လည်း ကော်ဖီပွဲတော်များ ကျင်းပသွားမည်ဟု သိရသည်။

Facebook Comments