Knorr ၏ “အနံ့အရသာအပြည့် ဆုကြီးတွေအပြည့်” အစီအစဉ်မှ နောက်ထပ်ကံထူးရှင်နှစ်ဦး ထွက်ပေါ်လာ ခနောကြက်သားမှုန့်ထုပ်များထဲတွင် သိန်း ၁၀၀ ဆုကြီး ၇ ဆု ကျန်ရှိနေသေး

Knor_2

Knorr ၏ “အနံ့အရသာအပြည့် ဆုကြီးတွေအပြည့်” အစီအစဉ်မှ နောက်ထပ်ကံထူးရှင်နှစ်ဦး ထွက်ပေါ်လာ ခနောကြက်သားမှုန့်ထုပ်များထဲတွင် သိန်း ၁၀၀ ဆုကြီး ၇ ဆု ကျန်ရှိနေသေး

          မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ခနော၏ အကြီးမားဆုံး “အနံ့အရသာအပြည့် ဆုကြီးတွေအပြည့်” ပရိုမိုးရှင်း အစီအစဉ်၏ ဒုတိယနှင့် တတိယကံထူးရှင်နှစ်ဦး ဆက်တိုက်ထွက်ပေါ်လာပြီဖြစ်ကြောင်း Unilever မြန်မာ၊ ခနောမှ သိန်း ၁၀၀ ကံထူးရှင် ကြေညာလိုက်ပါသည်။ ကျပ် ၁၀၀တန် ခနောကြက်သားမှုန့်အထုပ်များတွင် ထည့်သွင်းထားသော ငွေကျပ်သိန်း ၁၀၀ ဆုမဲအား ရရှိပိုင်ဆိုင်သွားသည့် ကံထူးရှင်မှာ တောင်သူအလုပ်လုပ်ကိုင်သော ကိုမိုးဟိန်းနှင့် မုန့်ဟင်းခါးဆိုင်ဖွင့်ထားသော မအေးတို့ ဖြစ်ပါသည်။

           ခနော၏ “အနံ့အရသာအပြည့် ဆုကြီးတွေအပြည့်” အစီအစဉ်အား နိုဝင်ဘာလ၊ ၁ ရက်နေ့၊ ၂၀၁၅ ခုနှစ်မှ စတင်ပြီး ဇန်နဝါရီလ၊ ၃၁ရက်နေ့၊ ၂၀၁၆ ခုနှစ်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ‘ကျပ်သိန်း ၁၀၀ ပိုင်ဖို့ အထုပ်ထဲမှာ ကံစမ်းစို့’ ဟူ၍ အနီရောင် စာသားဖြင့် ရေးသားထားသည့် (၁၀၀)ကျပ်တန် ခနောပရိုမိုးရှင်းအထုပ်များထဲတွင် ဆုကြီးများအပါအဝင် ၅ ဒဿမ      ၅ သန်း တန်ဖိုးရှိ Clear၊ Sunsilk ခေါင်းလျှော်ရည်နှင့် Signal သွားတိုက်ဆေးများကိုလည်း ဆုမဲများအဖြစ် ထည့်သွင်းပေးထားပါသည်။

Facebook Comments