KFC Grand Opening Ceremony ဆိုင်ဖွင့်ပွဲ

KFC_2

KFC_5    KFC_4    KFC_3

       ကမ္ဘာကျော် Fast Food စားသောက်ဆိုင်ဖြစ်တဲ့ KFC Grand Opening Ceremony ဆိုင်ဖွင့်ပွဲသို့ ၀တ်ရည် ရောက်ရှိခဲ့ပါတယ်။ ထိုပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာချင်းဆိုင်များရှိသည့် KFC စားသောက်ဆိုင်ကြီးမှာ ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။ KFC ဆိုင်ဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် သက်ဆိုင်ရာ ဂုဏ်သရေရှိ ပုဂိုလ်များ နှင့် မီဒီယာဘက်မှ ဧည့်သည်များ တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ KFC Restaurant Asia Pte Ltd. မှ မန်နေဂျင်းဒါရိုက်တာ Ted Stedem နှင့် Yoma Strategic မှ Chief Executive Officer Designate ဖြစ်သူ Mr. Melvyn Pun ကြီးမှူးပြီ ကျင်းပဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

      KFC စားသောက်ဆိုင်ထဲ ၀င်လိုက်သည်နှင့် သန့်ရှင်းသပ်ရပ်ပြီ ခေတ်မှီတဲ့ အပြင်အဆင်ဖြင့် ခင်းကျင်းပြင်ဆင်ထားပါတယ်။ ဆိုင်တစ်ခုလုံး လာရောက်တဲ့ ဧည့်သည်တွေနဲ့ ပြည့်နှက်နေပါတယ်။ အရင်ဆုံး မိမိကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ဖို့ ကောင်တာမှာ တန်းစီးရပါတယ်။ Menu မှာဆိုရင် ကြက်ကြော်ကိုပင် အချို၊အစပ်၊ အကြွပ်ကြော်၊ Popcorn chicken လို့ခေါ်တဲ့ ကြက်သားလုံးကြော် မှာယူလို့ရပါတယ်။ ကြက်ကြော်နဲ့ တွဲဖက်သုံးဆောင်ဖို့ အအေးကိုတော့ coca cola၊ sunkit၊ pepsi ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးဆောင်လို့ ရပါတယ်။ ထမင်းစားမှ တင်းတိမ်းသူများအတွက် ထမင်းနဲ့ ကြက်ကြော်ရယ်၊ ဟင်းချိုရယ်၊ ဖျော်ရည်၊ egg tart တွဲယှက် 1set ကို ၅၀၀၀ကျပ်ဖြင့် မှာယူ သုံးဆောင်နိုင်မှာပါ။ ထို့ပြင် ကော်ဖီ၊ ရေခဲမုန့်၊ အာလူးကြော်၊ ဘာဂါတို့လည်း မှာယူလို့ရပါတယ်။

Facebook Comments