Italian Food Experience 9th Edition ဖွင့်ပွဲအခမ်းအနား

Marketplace by City Mart မှ Italian Food Experience 9th Edition ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရွှေတောင်ကြားရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ Marketplace by City Mart ဆိုင်ခွဲ၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့ ရှိ အီတလီသံရုံးမှ Mr. Matteo D’ Alonzo, Italian Tradingမှ Mr. Andrea Balsamo နှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ Italian Food Experience Fair  ကို ကျင်းပခဲ့သည်မှာ (၉) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အီတလီနိုင်ငံက ဝိုင်များ၊ ချိစ်များ၊ Cold Cut အသားပြားများနှင့် မုန့်များအပြင် Frozen Pizza နှင့် Cake တို့ကိုလည်း တစုတစည်းတည်း ခင်းကျင်းရောင်းချပေးခဲ့ပါသည်။ Marketplace ၏ ဈေးဝယ်သူများအတွက် ရွေးချယ်စရာ များပြားလှသော နိုင်ငံတကာက အစားအသောက်များနှင့် ပတ်သက်၍ အကောင်းဆုံးအတွေ့အကြုံရရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

Facebook Comments

Menu