HONG BAO ဒင်းမ်ဆမ်းနှင့် ဟောင်ကောင်စတိုင်လ် စားသောက်ဆိုင်၏ (၄) ဆိုင်မြောက် ဆိုင်ခွဲဖွင့်ပွဲအခမ်းအနားနှင့် မီဒီယာမြည်းစမ်းပွဲ

          ရန်ကုန်မြို့၏ အကောင်းဆုံးဒင်းမ်ဆမ်းနှင့် ဟောင်ကောင်လက်ရာစစ်စစ်များဖြစ်သော ပင်လယ်စာများကို ခမ်းနားလှပသည့် အပြင်အဆင်များ၊ အကောင်းဆုံးဝန်ဆောင်မှုများ၊ ၀ါရင့်ဟောင် ကောင်စားဖိုမှူးကြီးများ၏ လက်စွမ်းပြဖန်တီးမှုဖြင့် တည်ခင်းရောင်းချနေသည့် Hong Bao Myanmar ၏ (၄) ဆိုင်မြောက် ဆိုင်ခွဲဖွင့်ပွဲနှင့် မီဒီယာမြည်းစမ်းပွဲ (Media Tasting) အခမ်းအနားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၊ မြိုင်ဟေ၀န်ပန်းခြံအနီးရှိ Hong Bao စားသောက်ဆိုင်၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

          မီဒီယာမြည်းစမ်းပွဲ (Media Tasting) အစီအစဉ်သို့ ဖိတ်ကြားထားသည့် သတင်းမီဒီယာများ၊ အစားအသောက်ဆိုင်ရာ Food Blogger များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး Hong Bao Myanmar ၏ Executive Chef  ဖြစ်သူ Mr. Weng Ge Qu က Hong Bao Myanmar ၏ အထူးဟင်းလျာများအကြောင်း ရှင်းလင်းပြသခဲ့ပါသည်။ ကြွရောက်လာကြသူများအား Hong Bao Myanmar ၏ အကောင်းဆုံးဟု ကျော်ကြားသည့် ဒင်းမ်ဆမ်းနှင့် ဟောင်ကောင် လက်ရာစစ်စစ် ဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။ မီဒီယာ မြည်းစမ်းပွဲအစီအစဉ်တွင် မိတ်ဆက်ပေးခဲ့သည့် မီနူးဟင်းလျာများမှာ ပီကင်းဘဲကင်၊ ငါးဆီဖောင်းပုစွန်မြေအိုးချက်၊ ၀က်လက်မြေအိုး၊ Hong Bao Style ကျားပုစွန်ကြော်၊ ကဏန်းမဆလာချက်၊ ငါးမန်းတောင်မြေအိုး၊ ဆားဘဲဥအနှစ်ပေါက်စီ၊ ပုစွန်ညှပ်လိပ်၊ နိုင်လွန်ပုစွန်ပေါင်း၊ ရှန်ဟိုင်းပေါက်စီ၊ ၀က်ပေါင်းမှိုနှင့် ပင်လယ်ခုံးသားထမင်းကြော်တို့ ဖြစ်ပါသည်။

          Hong Bao Myanmar ၏ စားသောက်ဆိုင်ခွဲများအား ခမ်းနားလှပသည့် ဟောင်ကောင်စတိုင်လ်၊ ခေတ်မီဆန်းသစ်ပြီး နွေးထွေးမှုရှိသည့် အပြင်အဆင်များဖြင့် အလှဆင်ထားသည်။ ယခု ဖွင့်လှစ်လိုက်သည့် ဆိုင်ခွဲ၌ ကျယ်ဝန်းသော အထူးသီးသန့်ခန်းများ ပါရှိသဖြင့် မိသားစုများ၊ မိတ်ဆွေများ၊ စီးပွားမိတ်ဖက်များအနေဖြင့် သက်သောင့်သက်သာရှိသည့်  အခင်းအကျင်းများနှင့် ဟင်းလျာများကို အဆင့်မြင့်သုံးဆောင်နိုင်မည် ဖြစ်ပါသည်။ Hong Bao Myanmar သည် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အရသာအထူးကောင်းမွန်ပြည့်စုံသည့် အကောင်းဆုံး ဒင်းမ်ဆမ်းနှင့် ဟောင်ကောင်လက်ရာစစ်စစ် ဟင်းလျာများကို ရောင်းချပေးလျက်ရှိပါသည်။ Hong Bao Myanmar ဆိုင်ခွဲများ၌ အမည်စုံလင်လှသည့် အကောင်းဆုံးဒင်းမ်ဆမ်းများအပြင် မြန်မာစားသုံးသူများ အကြိုက်တွေ့နှစ်သက်မည့် ဟင်းလျာများဖြစ်သည့် ဟောင်ကောင်ဘဲကင်၊ ကြက်မဲဂျင်ဆင်းဟင်းရည်၊ ကျောက်ငါးနီပေါင်း၊ Hong Bao Style ပုစွန်ကျားကြော် စသည်ဖြင့် ဟင်းလျာ အမျိုးအစားပေါင်း (၂၀၀) ကျော်အား ရောင်းချပေးလျက်ရှိပါသည်။

          Hong Bao Myanmar သည် မြန်မာစားသုံးသူများ၏ စိတ်ကျေနပ်မှုနှင့် သဘောကျ နှစ်ခြိုက်မှုကို အဓိကထားသည့်အတွက် အရသာအရည်အသွေးကို အထူးထိန်းသိမ်းထားသည့်အပြင် စားသုံးသူများ လွယ်ကူအဆင်ပြေစေရန်အတွက် ဆိုင်ခွဲများအား ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားရန်လည်း စီစဉ်လျက်ရှိသည်ဟု သိရပါသည်။

Facebook Comments