HITACHI ရဲ့ အဝတ်လျှော်စက်မိတ်ဆက်ပွဲနှင့် အရောင်းကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနား

          HITACHI Home Electronics Myanmar Co, Ltd သည် နောက်ဆုံးပေါ် အဝတ်လျှော်စက်သစ် မိတ်ဆက်ပွဲနှင့် အရောင်းကိုယ်စားလှယ်များတွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   

          အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ခေတ်မီနေထိုင်မှုပုံစံနှင့်အညီ ဒီဇိုင်း၊ သွင်ပြင် ဆန်းသစ်မှုရှိသော နောက်ဆုံးပေါ် အိမ်သုံးအီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးကို ပြသခဲ့ပါသည်။ Hitachi အိမ်သုံးအီလက်ထရောနစ်ပစ္စည်းများသည် သုံးစွဲသူများအား ဖက်ရှင်ကျသော အခန်းဖွဲ့စည်းပုံဒီဇိုင်းနှင့် လိုက်လျောညီထွေမှုရှိအောင် စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် လှပသော ဒီဇိုင်း၊ ဆန်းသစ်သော နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသည်ဟု သိရပါသည်။ ထို့အပြင် Hitachi မှ ထုတ်လုပ်သော ရေဖိအားနိမ့်ကျသော်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန် Booster Pump တပ်ဆင်ထားသော အဝတ်လျှော်စက်အသစ် (Model SF-S85XC)ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။

Facebook Comments