GRAND WYNN GROUP OF COMPANIES GRAND FOOD MART ဆိုင်ခွဲ အသစ်ထပ်မံ ဖွင့်လှစ်ခြင်း

          Grand Wynn Group of Companies ၅ ဆိုင်မြောက် ဆိုင်ခွဲအသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို အမှတ်(၁၂၄)၊ ကျိုက္ကဆံလမ်း၊ ပျားရည်ကုန်းရပ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အထူးအစီအစဉ်အနေဖြင့် ကျပ် ၅၀ဝ၀ ဖိုး ဝယ်ယူသူတိုင်းကို ဗလာမပါ ကံစမ်းမဲ ဖောက် ပေးခြင်း၊  Grand Twin Brother မှ ထုတ်လုပ်သည့် Export Quality ငါးခြောက်နှင့် ပုစွန်ခြောက်ထုပ်များကို လက်ဆောင်များပေးခဲ့သည်။ ဆိုင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများကို မေတ္တာတုံ့ပြန်သောအားဖြင့် 123 Fast Food မှ ဟမ်ဘာဂါ၊ အာလူးကြော်၊ အာလူးချောင်းကြော်၊ Curry Puff, I’m COCO အချိုရည်နှင့် Pascual ဒိန်ချဉ်များဖြင့် ကျွေးမွေးခဲ့သည်။ ၄င်း Grand Food Mart ဆိုင်များတွင် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သော အရည်အသွေးမြင့်မားကောင်းမွန်သည့် Frozen & Chill အသား၊ ငါး၊ အသီးအရွက်မျိုးစုံနှင့် အသင့်ချက်ပြုတ်စားနိုင်သော  Ready for Cook စားသောက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းနှင့် အအေးမျိုးစုံ၊ နံနက်စာအတွက် အထူးစပါယ်ရှယ် ဒင်ဆမ်း၊ ပလာတာ၊ အာလူးကြော်၊ ကွတ်ကီးအမျိုးမျိုးနှင့် အိမ်ရှင်မများအတွက် သန့်ရှင်းလတ်ဆတ်ပြီး အသင့်ကြော်ချက်စားနိုင်သည့် အရိုးလွတ် ငါးအသားလွှာ Fish Fillet၊ ငါးအသားချောင်း (Fish Finger) / ငါးအသားလုံး (Fish Ball) များနှင့် အေးခဲပြီး ရေချို၊ ရေငန် ငါး/ပုစွန်မျိုးစုံနှင့် ငါးခြောက်အမျိုးမျိုး အစရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Facebook Comments