Gout de France ကောင်းမွန်တဲ့ ပြင်သစ်အစားအသောက်ပွဲတော်

          Gout de France ကောင်းမွန်တဲ့ ပြင်သစ်အစားအသောက်ပွဲတော် Lets eat in Provence with Gout de France 2019-5 course menu ကို ရန်ကုန်မြို့ အလံပြဘုရားလမ်းမှာ တည်ရှိတဲ့ Babett Eatery & Bar မှာ မီဒီယာမိတ်ဆက်မြည်းစမ်းပွဲ ပြုလုပ်ခဲ့ပါတယ်။

          Lets eat in Provence with Gout de France 2019- 5 course menu မှာ ပါဝင်တာတွေကတော့ ခံတွင်းဖွင့်စာအနေနဲ့ ပြင်သစ်စာဆိုတဲ့အတိုင်း ပြင်သစ်တို့ ထုံးတမ်းစဉ်လာအရ  ညနေပိုင်း မိတ်ဆွေအပေါင်းအသင်းများနဲ့  ဝိုင်းဖွဲ့စကားလက်ဆုံပြောကြရင်း သုံးဆောင်လေ့ရှိတဲ့ Tapenade served with a glass of Pastis နဲ့ တည်ခင်းပါတယ်။ ပက်စ်တစ်ဆိုတာ ပြင်သစ်ကော့တေးတစ်မျိုးဖြစ်ပြီး လစ်ကာကို လေးညှင်း၊ နာနတ်ပွင့်တို့နဲ့  အနံ့အရသာဆင်တဲ့ ဟင်းရွက်အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်ဖျော်စပ်ထားတာဆို တော့ အရသာကောင်းပါတယ်။ သံလွင်သီး၊ ချယ်ရီခရမ်းချဉ်သီးတို့နဲ့ လိုက်ဖက်ပါတယ်။ အနှစ်ကိုတော့ ပေါင်မုန့်နဲ့တွဲဖက်ပါတယ်။ ခံတွင်းဖွင့်စာဆိုတဲ့အတိုင်း လန်းဆန်း၊ ခံတွင်းရှင်းစေပြီး နောက်စားမယ့် အစားအစာတွေအတွက် အဆင်သင့်ဖြစ်စေပါတယ်။

          Aioli Fish ကတော့ Catfish နဲ့ John Doru ငါးနှစ်မျိုးကို ဟင်းသီးဟင်းရွက်များနဲ့ ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ မရောနိစ်တို့နဲ့ ရောစပ်ပြုလုပ်ထားတဲ့ အေအော်လီဆော့စ်နဲ့ တွဲဖက်ပြင်ဆင်ထားတာပါ။ အရသာကတော့ ငါးရဲ့နူးညံ့တဲ့အရသာနဲ့ ဆော့စ်အရသာ ထင်ရှားပါတယ်။ ဟင်းသီးဟင်းရွက်များနဲ့လည်း လိုက်ဖက်ပါတယ်။

          Beef Daube ကတော့ ပြင်သစ်ရိုးရာဒေသစာပါ။ အမဲသားကို ဝိုင်နီ၊ ပြင်သစ် ဟင်းခတ်အမွှေးအကြိုင်၊ ဟင်းသီးဟင်းရွက်တို့နဲ့ အချိန်ကြာကြာချက်ပြီး နှပ်ထားတာပါ။ အာလူးသေးသေးလေးတွေနဲ့ ပေါင်းစပ်ထားပါတယ်။ အရသာက ဟင်းအနှစ်ြွကယ်ဝပြီး အမဲသားကလည်း နူးအိပါတယ်။

          Goat Cheese Alpilles ကတော့ ဆိတ်နို့နဲ့လုပ်ထားတဲ့ Goat Cheese ချိစ်တစ်မျိုးပါ။ စားနေကျမဟုတ်သူတွေအတွက် အနံ့အရသာက နည်းနည်းစိမ်းနေပေမယ့် စားရင်းနဲ့ အရသာရင်းနှီးလာပြီး စားကောင်းပါတယ်။

          Mini Tropezienne အချိုပွဲကလည်း ပြင်သစ်နိုင်ငံရဲ့ မူလအချိုပွဲတစ်မျိုးပါ။ ပြင်သစ် မုန့်ဆိုင်ပိုင်ရှင် မုန့်ဆရာက ၁၉၅၅ ခုနှစ်လောက်က တီထွင်ခဲ့ပါတယ်။ ဘရောင်ချီပေါင်မုန့်ကို ခရင်မ်အဆာသွတ်ထားတာပါ။ ရေခဲမုန့်နဲ့ တွဲဖက်တည်ခင်းပါတယ်။

          အသေးစိတ်စုံစမ်းသိရှိလိုပါက- ဝ၁-၂၄၃၆၃၉ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ babettyangon@randblab.com သို့ အီးမေးလ်ရေးသားပေးပို့၍ဖြစ်စေ ကြိုတင်ဘိုကင်တင်နိုင်ပါသည်။

Facebook Comments

Menu