Food Magazine ပရိသတ်များနှင့် င်္Food Magazine မှ စားဖိုမှူးများတွေဆုံမိတ်ဆက်ပဲ

FD-5

Food Magazine ပရိသတ်များနဲ့ Food Magazine မှာ ပင်တိုင်ရေးသားနေသော စားဖိုမှူးများနဲ့ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၊ ညနေ ၅ နာရီ က Capital Super Market (သာကေတ)မှာ ကျင်းပခဲ့ပါတယ်။ အစီစဉ်တင်ဆက်သူအဖြစ် ကောင်းထက်ဇော်မှ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ပထမဆုံး Bartender Kelvin ရဲ့ Cocktail အလှပြချက်များနဲ့ တင်ဆက်ခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်များကို Fruit Punch, Cocktail, Mocktail နဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ထို့နောက် Food Magazine မှ အယ်ဒီတာချူပ်ဦးသုတနှင့် ပင်တိုင်ရေးသားနေသော ဟင်းလက်ရာရှင်စားဖိုမှူးများဖြစ်ကြတဲ့ ကိုသစ်ထူး၊ ကိုဆန်နီ၊ ဒေါ်နန်းစန်း စန်းအေး (အဓိပတိ)၊ ချိုဝတ်ရည်၊ စည်လွင်၊ အိသက်၊ Evy ၊Bartender များဖြစ်ကြတဲ့ Kelvin ၊ပြုံးတို့မှ ပရိသတ်များကို မိတ်ဆက်စကားများပြောကြားခဲ့ပါတယ်။ ထို့နောက် ချိုဝတ်ရည်(Wutyee Food House)မှ ကြက်သားကုန်းဘောင်ကြီးကြော်၊ ဘမ်ဘမ်ကြက်သားသုပ် ဟင်းလက်ရာ ၂ မျိုးကို လက်တွေ့ချက်ပြုတ်ပြသပြီး ဧည့်ပရိသတ်များကို တည် ခင်းမြည်းစမ်းစေခဲ့ပါတယ်။ ထို့နောက် င်္Food Magazine မှ ပင်တိုင်စာရေးသူစားဖိုမှူးများက ပရိသတ်အားမေးခွန်းများမေးမြန်း ကာ အဖြေမှန်သူများနှင့် မေးခွန်းမေးမြန်းကြသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ ထို့နောက် Evy’s Kitchen မှ ပရိသတ်များကို Butter Cake ကို လက်တွေ့လုပ်ပြခဲ့ပြီး ည ၈ နာရီမှာ အစီအစဉ်များ အောင်မြင်စွာပြီးဆုံးခဲ့ပါ တယ်။

Facebook Comments

Menu