Food & Hotel Myanmar (FMHH) ၂၀၁၉ ဆဋ္ဌမအကြိမ်မြောက် အခမ်းအနား

Food & Hotel Myanmar (FMHH)၂၀၁၉ ပွဲကို ဆဋ္ဌမအကြိမ်အဖြစ် မြန်မာနိုင်ငံ၏ နေရာသစ်ဖြစ်သည့် ရန်ကုန်မြို့ Fotune Plaza တွင် တည်ရှိသော Myanmar Expo ခန်းမ၌ ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပါသည်။

အဆိုပါပြပွဲတွင် နိုင်ငံတကာအစားအစာနှင့် အဖျော်ယမကာ၊ ဟိုတယ်၊ မုန့်ဖုတ် လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အစားအစာဝန်ဆောင်မှုဆိုင်ရာ ပစ္စည်းများ၊ ထောက်ကူမှု များနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှုများနှင့် အခွင့် အလမ်းများကို အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အမေရိကမှ နိုင်ငံတကာ ပြခန်းတွဲ ၆ ခန်းအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပါဝင်ပြသသူ ၁၅၀ ကျော် တို့က နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းလမ်းများကို ဖန်တီးပြသသွားခဲ့ပါသည်။

Aroma Gourment Concepts Ltd.

ကျွန်တော်က ကိုနေလင်းအောင်ပါ။ Aroma ရဲ့ Business Managerပါ။ ကျွန်တော်တို့ Aroma က FMHH ပွဲမှာတော့ နှစ်တိုင်းလိုလိုပါဖြစ်ပါတယ်။ Aroma အနေနဲ့လည်း ကော်ဖီနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ပစ္စည်း အစုံကို ခင်းကျင်းပြသထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ကုမ္ပဏီက ၁၉၉၈ ခုနှစ်ကတည်းက စပြီးလုပ်ခဲ့တာဆိုတော့  Industry  ဆိုရင်လည်း နှစ် ၂၀ လောက်ရှိပါပြီ။ Customer အနေနဲ့လည်း ကျွန်တော်တို့ Market ရဲ့  ၇၀ ရာခိုင်နှုန်း လောက်က သိပြီးသားဖြစ်နေတဲ့အတွက်ရယ်၊ နောက်ပြီး ဒီပွဲမှာ အဓိက ပါဝင်ဖြစ်တာ ကတော့ ဃကျအသာနမ တွေကို ကျွန်တော်တို့ ဘာတွေ ပိုလုပ်ပေးနိုင်မလဲ။ အရည်အသွေး ကောင်းတဲ့ပစ္စည်းတွေ၊ ပိုပြီးတော့ ကောင်းတဲ့ အရည်အသွေးတွေ ရစေချင်လို့ ကျွန်တော် တို့ နှစ်တိုင်းပါဝင်ဖြစ်တာပေါ့။

 

Premium Distribution

ကျွန်မကတော့ မနေခြည်ဆက်ပါ။ Premium Distribution မှာ General Manager ရာထူးနဲ့  တာဝန် ထမ်းဆောင်နေပါတယ်။ အစ်မတို့ ဒီ Premium Distribution မှာ ရောင်းတဲ့ Food & Beverage တွေကို အဓိကထားပြီး ပြသထားပါတယ်။ ထောပတ် တွေ၊ ချိစ်တွေ၊ အသားတွေနဲ့ ငါးတွေပါ။ နောက်ပြီးတော့ Dry Fruit တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ အစ်မတို့က နှစ်တိုင်းပါဝင်ဖြစ်ပါတယ်။ ဒီလိုနှစ်တိုင်း ပါဝင်ခြင်းအားဖြင့် Customer တွေအနေနဲ့လည်း ဒီ Premium မှာ ဘာတွေအသစ်တွေ ရနေပြီလဲ၊ ဘာပစ္စည်းအသစ်တွေ ထွက်နေလဲ ဆိုတာကို လာကြည့်လို့ရတယ်။ ပြီးတော့ Customer အသစ်တွေနဲ့လည်း အစ်မတို့ တွေ့ ခွင့်ရတာပေါ့နော်။ Product အသစ်တွေ အနေနဲ့ဆိုရင် သစ်သီးယိုတွေပေါ့။ DLA Brand လို့ ခေါ်ပါတယ်။ ထူးထူးခြားခြား အသစ် တွေတော့ မရှိပါဘူး။ ဒီနှစ်ထဲမှာ အသစ်တွေက နည်းပါတယ်။ Premium ကို အမြဲတမ်း အားပေးနေတဲ့ Customer တွေကို အများကြီး ကျေးဇူးတင်ပါတယ်။

 

Arctic Sun

ကျွန်တော့်နာမည်က ဇော်မင်းထွန်းပါ။ ဒီ Arctic Sun မှာ Marketing Manager ရာထူးနဲ့ တာဝန်ထမ်း ဆောင်နေပါတယ်။ ကျွန်တော်တို့ဆီမှာ အဓိကဖြန့်ချိ နေတဲ့ ပစ္စည်း တွေက Frozen နဲ့ Chill Product တွေကို အဓိကထားပြီး ဖြန့်ချိရေးလုပ်နေပါတယ်။ အကုန်လုံး ကတော့ Import Item တွေကြီးပါပဲ။ နိုင်ငံပေါင်း ၂၀ ကျော်လောက်မှာ ဖြန့်ဖြူးနေတဲ့ ပစ္စည်းတွေပါ။ နောက်ဆုံးထွက်ရှိထားတဲ့ ပစ္စည်း တွေကတော့ စင်ကာပူက လာတဲ့ AALS ချောကလက်တစ်ခုပါမယ်။ နောက်တစ်ခုက ယိုးဒယားက လာတဲ့ Carsaba က အဓိက ပီလောပီနံဥနဲ့ လုပ်ထားတယ်။ အာလူး အစားထိုးပေါ့။ အဲဒီနှစ်မျိုးကို ထုတ်ကုန်အသစ်အနေနဲ့ သွင်းထားပါတယ်။ အကျိုးကျေးဇူး ကတော့ အများကြီးရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီ FMHH ဆိုတာကလည်း မြန်မာနိုင်ငံမှာဆိုရင် အကြီးဆုံးပွဲတစ်ပွဲ ဖြစ်ပါ တယ်။ ဒီပွဲပြီးရင်လည်း Restaurant တွေ၊ ဟိုတယ်တွေနဲ့ လက်ရှိ Customer တွေကို လည်း ကိုယ့်အနေနဲ့ ထိန်းသိမ်းထားနိုင်သလို ဆိုင်သစ်တွေလည်း ပိုရတယ်။ နောက်တစ်ခုက Customer အသစ်တွေကိုလည်း ဒီပွဲမှာ အဓိကထားပြီး ပြလို့ရတယ်ဆိုတော့ ဒီပွဲလုပ်ပေးတာ တော်တော်အဆင်ပြေပါတယ်။ စားသုံးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီ Arctic Sun က သွင်းတဲ့ပစ္စည်း တွေကို ယုံယုံကြည်ကြည်နဲ့ အားပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

 

Potatoes USA

ကျွန်မနာမည်က နှင်းသက်ရီပါ။ ဒီ Potatoes USA  ရဲ့   မြန်မာကိုယ်စားလှယ်အနေနဲ့ လုပ်ဆောင်နေပါတယ်။ Potatoes USA က အရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်း မဟုတ် ဘူး။ ကျွန်မတို့က အမေရိကန်က အာလူးစိုက်တဲ့ တောင်သူတွေကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ ပြီးတော့ ကျွန်မတို့ဆီမှာရှိတဲ့ အာလူးအမျိုး အစားတွေကတော့ အေးခဲအာလူး၊ ရေဓာတ်ထုတ်ထားတဲ့ အာလူး၊ လတ်ဆတ်တဲ့ အာလူးနဲ့ အာလူးပြားကြော်လုပ်တဲ့ အာလူးဆိုပြီး (၄) မျိုးရှိပါတယ်။ ကျွန်မတို့က အာလူးကို အရောင်းအဝယ်မလုပ်ဘူး။ ဖြန့်ချိတာမလုပ်ဘူး။ ဒါပေမဲ့ ဒီမြန်မာနိုင်ငံမှာ အာလူးကို ဖြန့်ချိပေးတဲ့ Local Distributer တွေရှိတယ်ဆိုတော့ သူတို့တစ်တွေကလည်း ကျွန်မတို့ Customer ဖြစ်တယ်။ နောက်ပြီးတော့ သူတို့ဆီကနေတစ်ဆင့် ပြန်ပြီးသုံးစွဲတဲ့ စားသောက်ဆိုင် သမားတွေပေါ့နော်။ သူတို့တစ်တွေကလည်း ဒီ အမေရိကန်အာလူး သုံးစွဲတဲ့အခါမှာ ကျွန်မတို့ Customer ဖြစ်တယ်။ ကျွန်မတို့ Customer ဖြစ်တဲ့အခါ ကျွန်မတို့က သူတို့တစ်တွေကို လိုအပ်တဲ့ Education အပိုင်းတွေ Support လုပ်ပေး တယ်။ နောက်ပြီး Promotion အပိုင်းတွှေSupport လုပ်ပေးတယ်။ ကျွန်မတို့က နှစ်တိုင်း လိုလိုတော့ ဒီပွဲမှာပါဝင်ပြီး ဒီ အမေရိကန်အာလူးတွေကို ကိုယ်စားပြုပြီး လုပ်ပေးတာပါ။ အမေရိကန် အာလူးကို စားသုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးရှိလဲ၊ စားသောက် ကုန်လုပ်ငန်းအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ ပြချင်လို့ ဒီပွဲမှာ ပါဝင်တာဖြစ် ပါတယ်။ အများစုကတော့ အာလူးစားရင် ဝတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်တာပေါ့နော်။ တကယ်တမ်းက အာလူးက သူ့ရဲ့အာဟာရဆိုင်ရာထဲမှာ ကျန်းမာ ရေးကို ထိခိုက်တဲ့ဟာတွေမပါဘူး။ ကျန်းမာရေးထိခိုက်တယ်ဆိုတာကလည်း အာလူးကို စားတဲ့အခါမှာ ဆီတွေအများကြီးသုံးတယ်။ ထောပတ်တွေ ထည့်တယ်။ ကိုယ်တွဲသုံးတဲ့ ဟာတွေကြောင့် ဖြစ်တာပေါ့နော်။ အာလူးကတော့ ဘေးဥပဒ်မဖြစ်ပါဘူး။ တချို့ နိုင်ငံ တွေမှဆိုရင် အာလူးကို Diet လုပ်တဲ့အခါမှာတောင် ထည့်သုံးပြီးတော့ စားကြပါတယ်။

 

Bee Int’l (Kewpie Mayonnaise)

အစ်မကတော့ Kewpie မရောနိစ်ကပါ။ မနန်း လောင်ခမ်းလို့ ခေါ်ပါတယ်။

Kewpie မရောနိစ်မှာဆိုရင်တော့ မရောနိစ်လည်း ရှိတယ်။ Dressing တွေလည်း ရှိပါတယ်။ မရောနိစ်ထဲ မှာဆိုရင်တော့ အရသာအမျိုးမျိုးရှိတယ်။ Dressing ထဲမှာဆိုလည်း Japanese Dressing တွေ၊ နောက်ပြီး ထိုင်ဝမ်ကထုတ်တဲ့ Dressing တွေလည်း ရှိပါတယ်။ မရောနိစ်ဆိုရင် အရသာ အမျိုးမျိုး ရှိတယ်။ တချို့ဆို ဆူရှီတွေ လုပ်စားလို့ရတယ်။ အိမ်မှာလွယ်လင့်တကူစားလို့ရတဲ့ ဆမ်းဝှေ့ခ်ျတွေမှာ တစ်ခါတည်းပါပြီး သားပါ။ မရောနိစ်ထဲမှာဆိုရင် ကြက်ဆင်သားပေါ့။ Turkey  မရောနိစ်ဆိုပြီးလည်း ရှိတယ်။ နောက်ပြီးတော့ Corn ပါ။ တစ်ခါတည်း မရောနိစ် နဲ့ Corn ရောထားပြီးသား အသင့်စားတဲ့ဟာတွေလည်း ရှိတယ်။ Restaurant တွေမှာ သုံးတဲ့ မရောနိစ်တွေလည်းရှိတယ်။ အခုက ဆူရှီခေတ်စားနေတယ်ဆိုတော့ အိမ်တွေ မှာ တော်တော်များများ ဆူရှီလေးတွေ လုပ်စားဖို့ အဆင်ပြေတဲ့မရောနိစ်တွေပါ ထုတ် လုပ်ထားပါတယ်။ Product ကတော့ SKU စုစုပေါင်း ၂၀ ကျော်လောက်ရှိပါတယ်။ အဲဒါတွေကတော့ ဆိုဒ်မျိုးစုံရှိသလို အရသာတွေလည်း မျိုးစုံရှိပါတယ်။

Facebook Comments

Facebook Comment
Menu