CP Mart ဆိုင်ခွဲ ဖွင့်ပွဲ

news_5

     မြန်မာ CP စားသောက်ကုန်လုပ်ငန်း CP Mart ဆိုင်ခွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၊ (၃၁)ရက်နေ့ စမ်းချောင်းမြို့နယ်တွင် ဒုတိယမြောက်ဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ပါသည်။ ပထမဆုံးသော CP Mart ဆိုင်ခွဲကို Orange Supermarket တာမွေမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ CP ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ စားသုံးသူများ စိတ်တိုင်းကျဖြစ်စေမည့် ခေတ်မှီဝယ်ယူမှု ပုံစံအသစ်ကို မိတ်ဆက်ပေးသွားပါသည်။

    CP Mart ဆိုင်ခွဲများတွင် ရရှိမည့် စားသောက်ကုန်များမှာ နေ့စဉ်မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သော ကြက်သား၊ ကြက်ဥ၊ ကြက်အူချောင်း၊ ကြက်သားပြားနှင့် အသားလုံးများကို ရောင်းချပေးသွားမည် ဖြစ်ပါသည်။ခေတ်မှီဆန်းသစ်သော ဆိုင်အပြင်အဆင်ကြောင့် ဈေးဝယ်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။ သန့်ရှင်းလတ်ဆတ်သော ကြက်သားနှင့် ကြက်အူချောင်းများကို မိမိစိတ်တိုင်းကျ ရွေးချယ်ရ သင့်တင့်သော ဈေးနှုန်းဖြင့် အလေးချိန်မှန်ကန်စွာ လိုအပ်သလောက် ၀ယ်ယူရရှိနိုင်ပါသည်။

    ဖွင့်ပွဲပြုလုပ်သည့် သြဂုတ်လ (၃၁)ရက်နေ့မှစ၍ (၁၅)ရက်နေ့အတွင်း CP Mart ကိုယ်စားလှယ်များက သတ်မှတ်ထားသောနေရာများတွင် ကူပွန်များကို ပေးဝေသွားပါသည်။ ထိုကူပွန်များဖြင့် ကုန်ပစ္စည်းတစ်ကြိမ်ဝယ်ယူ၍ သော့ချိတ်တစ်ခုကို လဲလှယ်၍ရသလို ငွေကျပ် (၂၀၀၀)ဖိုး ၀ယ်ယူသူများကိုလည်း CP Premium Bowl များ လက်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

Facebook Comments