City Mart Supermarket ၏ Recipe Tube Season 2 “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်” Live Demonstration Cooking Contest ပြိုင်ပွဲပြုလုပ်ခြင်း

City Mart Supermarket ၏ Recipe Tube Season 2 “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်”

Live Demonstration Cooking Contest ပြိုင်ပွဲပြုလုပ်ခြင်း

          My Favourite Market ဟူသော ဆောင်ပုဒ်နှင့်အညီ ဈေးဝယ်သူ မိဘပြည်သူ များအတွက် အမြဲအလေးထားဝန်ဆောင်မှုများ ပေးနေသော City Mart Supermarket ၏ Online to Offline Recipe Contest အနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် မေလအထိ Online Recipe Contest များမှ လစဉ်လတိုင်း ဆုရရှိသူ ခြောက်ဦး ကို Offline Grand Recipe Contest အနေဖြင့် City Mart Thamine Center Promotion Area ၌ ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

          Cooking Recipe Award Winner အနေဖြင့် ပထမဆုကို ဒေါ်သက်ထားဦးက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို သုတမေမေနှင့် တတိယဆုကို Honey Cho တို့က အသီးသီးဆွတ်ခူးရရှိခဲ့သည်။ Cooking Live Demonstration ပြိုင်ပွဲတွင် ပထမဆု (ကျပ် ၃၅၀ဝ၀ဝ + City Mart Supermarket Gift Voucher ကျပ် ၃၅၀ဝ၀ဝ)၊ ဒုတိယဆု (ကျပ် ၂၅၀ဝ၀ဝ + City Mart Supermarket Gift Voucher ကျပ် ၂၅၀ဝ၀ဝ) နှင့် တတိယဆု (ကျပ် ၁၅၀ဝ၀ဝ + City Mart Supermarket Gift Voucher ကျပ် ၁၅၀ဝ၀ဝ) တို့ကို Chef ဦးဆန်နီနှင့် ဒေါ်တင်တင်အေးတို့က ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

          ဒီတစ်ခေါက် City Mart Recipe Tube အစီအစဉ်က စတင်ပြီး ဟင်းချက်တာ ဝါသနာပါတဲ့သူတွေအတွက် “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်” ပျော်စရာ ဟင်းချက် ပြိုင်ပွဲ  Season 2 ကို ပြန်လည်ကျင်းပခဲ့တာပါ။ ဒီအစီအစဉ်လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဟင်းချက်ဝါသနာပါတဲ့သူတွေရဲ့ ကိုယ်ပိုင် ဟင်းချက်စွမ်းရည်တွေကို လူအများသိရှိအောင် ဖော်ထုတ်ပြသခွင့်ရရှိစေဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်လို့ Marketing Manager ကိုပြည့်ငြိမ်းလူက ပြောကြားခဲ့သည်။

          “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်” ပြိုင်ပွဲကြီးကို ၂၀၁၆  ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် မေလအထိ City Mart Recipe Tube ကဏ္ဍကြီး ငါးခု (Five Minutes Meal Week, Healthy Week, Hearty Week, Kid Lunch Box, I Love Myanmar Week) ထဲမှ အများနှင့်မတူ ထူးခြားသော ဟင်းအမည်များဖြင့် ပေးပို့လာသူများထဲမှ လစဉ် Creative Recipe Winner Award အများဆုံးရရှိသူ ခြောက်ဦးကို Chef  ဦးဆန်နီက ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

Facebook Comments