CITY MALL ST. JOHN Shopping Mall ကို ပထမဆုံး တွေ့ကြုံခံစားခြင်း

CITY MALL  ST. JOHN  Shopping Mall ကို ပထမဆုံး တွေ့ကြုံခံစားခြင်း

        CITY MALL  ST. JOHN  Shopping Mall ကို ပထမဆုံး တွေ့ကြုံခံစားဖို့ ရည်ရွယ်ပြီး ဖိတ်သည့် အခမ်းအနားအား သြဂုတ်၊ ၃ ရက်နေ့ ( ကြာသပတေးနေ့) မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ  CITY MALL  ST. JOHN  ပြည်လမ်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        လွန်ခဲ့သည့် နှစ် ၄၀ ကျော်ကာလက စိန်ဂျွန်းဈေးသည် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတွင် တည်ရှိသည့်အတွက် လူစည်ကားရာ နေရာတစ်ခုဖြစ်ခဲ့ရုံသာမက ရန်ကုန်မြို့သူ၊ မြို့သားများ ဈေးဝယ်ထွက်ရန် အားထားစရာ နေရာတစ်ခုလည်းဖြစ်ခဲ့ပါသည်။ ထို့နောက် စိန်ဂျွန်းဈေးသည် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကုန်မြို့ သူ၊ မြို့သားများအတွက် ကုန်စည်စီးဆင်းလည်ပတ်ရာ ဈေးကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။

         ယခု ၂၀၁၇ ခုနှစ်တွင် စိန်ဂျွန်းဈေး၏ အနှစ်သာရကို ရန်ကုန်မြို့သူ၊ မြို့သားများ ပြန်လည်ခံစားနိုင်ရန်နှင့် မိသားစုများ ပျော်ရွှင်စွာ လည်ပတ်နိုင်သော စုံလင်ခမ်းနားသည့် ဈေးဝယ်နေရာတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် CITY MALL  ST. JOHN  Shopping Mall ကို  ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ပါသည်။

          ယခုအခါမှာတော့ ယခင်က နာမည်ကြီးပြီး စည်ကားခဲ့သည့်နေရာတွင် CITY MALL
ST. JOHN ကို ခေတ်မီ ဆန်းသစ်သော ကုန်ပစ္စည်းများ၊ လှပသပ်ရပ်သော အပြင်အဆင်များဖြင့် တွေ့မြင်ခံစား ခဲ့ရပါသည်။ ထို့ပြင်  City Mall St. John Shopping Mall တွင်  JCGV ရုပ်ရှင်ရုံ၊ M Cube မိသားစု ကာရာအိုကေ၊ Mo Mo Play ခေတ်မီကစားကွင်းနှင့် “မုန့်ဈေးတန်း” Food Court ၊ Ocean Super Center ၊ ခေတ်ကိုက်ညီသော အ၀တ်အစားများနှင့် ၊ နည်းပညာပစ္စည်းများလည်း ရှိသည့်အတွက် မိမိ၏အိမ်နှင့် မိမိ၏ မိသားစု လိုအပ်သည်များက တစ်နေရာတည်းတွင် စုံလင်စွာ ၀ယ်ယူရရှိနိုင်ပါသည်။

Facebook Comments