Cassa Mia Italian Kitchen and Bar ကာစာမီယား အိမ်ချက်အရသာ အီတလီစာ

          ရန်ကုန်မြို့ ဆူးလေဘုရားလမ်းက Sule Square မှာ ရှိတဲ့ Casa Mia Italian Kitchen and Bar မှ [အီတာလျံစကား  ကာစာမီယား  (Casa Mia) ဆိုတာ My Home (ငါတို့အိမ်) လို့ အဓိပ္ပာယ်ရပါတယ်။] အိမ်ချက်အီတာလျံအစားအစာတွေကို အီတာလျံ အစားအစာ ချက်ပြုတ်ကျွမ်းကျင်တဲ့ စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ပေးနေတာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ပြီး ၂ နှစ်လောက်ရှိပြီ ဖြစ်တာကြောင့် အတော်လေး အသားကျနေတဲ့ဆိုင်ပါ။ ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင် ဆူးလေဘုရားလမ်းက Sule Square ရဲ့ မြေညီထပ်မှာ ရှိပါတယ်။ ဆိုင်ဖွင့်စက မီနူးများအပြင် အီတာလျံအစားအစာ မီနူးများကို ထပ်တိုးပြီး မိတ်ဆက်လာပါတယ်။ ရန်ကုန်မြို့က လက်ချိုးရေလို့ရတဲ့ အီတာလျံအစားအစာ ဆိုင်တွေထဲက အီတာလျံအစားအစာနှစ်သက်သူတွေနဲ့ အခုမှ စမြည်းစမ်းကြည့်ချင်သူတွေ အတွက်တော့ သွားဖြစ်အောင် သွားရောက် မြည်းစမ်းသင့်တဲ့ ဆိုင်လို့ ဆိုချင်ပါတယ်။

          အဲဒီဆိုင်ရောက်လို့ အီတလီစာအမည်များစွာရှိတဲ့အထဲက ဘာရွေးချယ်ရမလဲလို့ စဉ်းစားတဲ့အခါ စားဖြစ်ခဲ့တာလေးတွေကို ညွှန်းချင်ပါတယ်။

          ခံတွင်ဖွင့်စာအနေနဲ့ ရိုးရိုးရှင်းရှင်း စီဇာဆလတ်ကို စပြီး မြည်းစမ်းဖြစ်ခဲ့ပါတယ်။ အနောက်တိုင်းဆလတ်ရွက်၊ ဘေကွန်၊ ပို့ခ်ျကြက်ဥ (Poached Egg)၊ Caesar Dressing တို့နဲ့ ရိုးရိုးရှင်းရှင်း စားကောင်းပါတယ်။

          နောက်တစ်မျိုးကတော့ ပီဇာကရူဒို (Pizza Crudo) ပါ။ ပီဇာဒိုးပြား ကြွပ်ကြွပ်လေးပေါ်မှာ အီတလီရိုးရာနည်းအတိုင်း လေသလပ်အခြောက်ခံထားတဲ့ ဝက်ပေါင်ခြောက် (Perma Ham) ရဲ့  ချဉ်ငန်အရသာကို မောဇရဲလားချိစ်၊ ခရမ်းချဉ်သီးဆော့စ်၊ ရော့ကတ်အရွက်တို့နဲ့ ညီညွတ်မျှတစွာ ပေါင်းစပ်ထားပါတယ်။ ခံတွင်းဖွင့်စာအနေနဲ့ သုံးဆောင်မယ်ဆိုရင်တော့ ၂ ယောက်စာအတွက် အတော်ပါပဲ။

          အီတလီစာဆိုတော့ ပါစတာကလည်း မပါမဖြစ်ပါဘဲ။ှScialatielli ပုံစံ ပင်လယ်စာပါစတာကို မြည်းစမ်းဖြစ်ခဲ့ပါတယ်။ ပင်လယ်စာ၊ ဝိုင်ဖြူ၊ စဖရွန်ဆော့စ် (Surffron Sauce) တို့နဲ့ အီတလီရိုးရာ အိမ်ချက်ပုံစံအတိုင်း ချက်ပြုတ်ပြင်ဆင်တယ်လို့ ဆိုပါတယ်။ မြည်းစမ်းခဲ့တဲ့အထဲမှာ အကြိုက်ဆုံးပါပဲ။

          အသားစားချင်သူတွေအတွက်တော့ ဖက်တာချီနီ အမဲသားဘိုလိုနိစ် (Futtuccine Alla Ragu Di Crane Bolognese) ပုံစံကို မြည်းစမ်းစေချင်ပါတယ်။ အမဲသား မစားချင်သူတွေအတွက်တော့ အသားက ခြောက်သွေ့မနေဘဲ နူးညံ့နေပြီး အရေခွံက အနည်းငယ် ကြွပ်နေတဲ့ ကြက်သား ပျားရည်လီမွန်ဆော့စ် (Pollo Alla Diavola) က ကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ အချိုပွဲကတော့ နာမည်ကြီး အီတလီရိုးရာ အချိုပွဲ ကော်ဖီအရသာ တာရိမိဆူ (Tiramisu) ကို ကြိုက်ရင်တော့ ကော်ဖီတစ်မျိုးမျိုးနဲ့ အဆုံးသတ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၇၀ဝ၀ မှ ၂၃၀ဝ၀ အထိရှိပြီး အခြား Set Menu များ၊ အီတလီဝိုင် အမျိုးမျိုးနဲ့ ကော့တေးလ်များလည်း ရနိုင်ပါတယ်။

အသေးစိတ်ကိုတော့-

          Casa Mia Italian Kitchen and Bar

          #01-14,221 Sule Pagada Rd, Yangon

          09 964348881 မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

          Food Magazine

Facebook Comments