Canton Paradise ဆိုင်ဖွင့်ပွဲအခမ်းအနားကျင်းပ

          Strond Source Holding Co.,Ltd နှင့် စင်ကာပူနိုင်ငံမှ စားသောက်ဆိုင် လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Paradise Group တို့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံမှ Canton Paradise: Essence of Hong Kong, Chinese Restaurant ကို အမှတ် (၆၁)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်မှာ ဇူလိုင်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဟင်းလျာများ မြည်းစမ်းပွဲနဲ့ မီဒီယာများနှင့် မိတ်ဆက်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့မှာ ကျင်းပခဲ့ပြီး Food Magazine က တက်ရောက်ခဲ့ပါတယ်။

          ဟောင်ကောင်စတိုင် အနှစ်သာရကို အခြေခံထားပြီး ရိုးရာ ဒင်းဆမ်းနှင့် အကင်ဟင်းလျာများ၊ ဆန်ပြုတ်၊ အာဟာရဖြည့် ဟင်းရည်များ၊ ပင်လယ်စာအမျိုးမျိုး၊ အချိုပွဲများနှင့် အဓိက ဟင်းလျာများဖြစ်တဲ့ Wok ဟင်းလျာများကို Canton Paradise ဆိုင်က ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ Canton စတိုင် ဟင်းလျာများ၊ စီချွမ်ဟင်းလျာများကို အမျိုးအစားစုံလင်စွာဖြင့် Canton Paradise: Essence of Hong Kong ဆိုင်မှာ လာရောက် သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။

          ဆိုင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဘဲကင်ကို ကျပ် ၁၀ဝ၀ ဖြင့် ဩဂုတ်လ  ၂၀ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ စားသုံးသူတွေအနေနဲ့ ကျပ် ၁၀ဝ,ဝ၀ဝ ဖိုး သုံးဆောင်ပါက ဘဲကင် ၁ ကောင်ကို ကျပ် ၁၀ဝ၀ ဖြင့် လည်းကောင်း၊ ကျပ် ၅၀çဝ၀ဝ ဖိုး သုံးဆောင်ပါက ဘဲကင်တစ်ခြမ်းကို ကျပ် ၁၀ဝ၀ ဖြင့် လည်းကောင်း ရရှိနိုင်မယ်လို့လည်း သိရပါတယ်။

အသေးစိတ်သိရှိလိုပါက-

အမှတ် (၆၁)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Ph: 09 252 221 212, 09 252 221 199

Facebook Comments