Bread Talk ၏ ပထမဆုံးဆိုင်ခွဲ ဖွင့်လှစ်ခြင်း အခမ်းအနား

Bread Talk ၏ ပထမဆုံးဆိုင်ခွဲ ဖွင့်လှစ်ခြင်း အခမ်းအနား

ရန်ကုန်၊ ဧပြီလ ၂၅ရက်၊ ၂၀၁၇။     ။ အာရှတွင် ထိပ်တန်းမုန့်ဖုတ်လုပ်ငန်းတစ်ခုဖြစ်သည့် Bread Talk သည် မြန်မာနိုင်ငံအတွက် ပထမဆုံးဆိုင်ခွဲကို ရန်ကုန်မြို့၊ Junction City ရှော့ပင်းစင်တာ၊ ပထမအလွှာ၊ ဆိုင်ခန်းအမှတ် ၁၀၅-၁၀၆တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

Bread Talk သည် စင်္ကာပူနိုင်ငံတွင် လူသိများကျော်ကြားပြီး နိုင်ငံတကာ၏ အသိအမှတ်ပြု မုန့်လုပ်ငန်းတစ်ခုဖြစ်ပြီး ဆုတံဆိပ်များစွာလည်း ရရှိထားပါသည်။ အမြင်လှပပြီး ဆန်းသစ်သော မုန့်များကို ရောင်းချပေးခြင်းကြောင့် Bread Talkသည် နာမည်ကြီး ထင်ရှားသည့် မုန့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးနယ်ပယ်တွင်သာမက စားသုံးသူများအကြားတွင်ပါ ထင်ရှားသော အမှတ်တံဆိပ်ကောင်းတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည့် မုန့်လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ Bread Talkကို Myanmar Bakery Co.,Ltd. မှ တာဝန်ယူဖွင့်လှစ်ခြင်းဖြစ်ပါသည်။

Bread Talk သည် အလတ်ဆတ်ဆုံး၊ အရည်အသွေးအမြင့်ဆုံးဖြစ်သော် အစားအသောက်များကို ရောင်းချနိုင်ရန်အတွက် အစဉ်အမြဲအလေးထားလျက်ရှိပါသည်။မုန့်လုပ်သည့်နေရာတွင်သုံးသော ပစ္စည်းများသည်လည်း ဂျပန်နိုင်ငံမှ ဂျုံမှုန့်၊ နယူးဇီလန်နိုင်ငံမှ သန့်စင်သော ထောပတ်အစရှိသော အရည်အသွေးမြင့်သည့် ဘ၀ကုန်ကြမ်းများကိုသာ တင်သွင်းထားခြင်းဖြစ်ပြီး မုန့်ဖုတ်သည့်လုပ်ငန်း အဆင့်ဆင့်တွင်လည်း ဓာတုဗေဒဖြည့်စွတ်ပစ္စည်းများ၊ တာရှည်ခံဆေးများကို မသုံးဘဲ ပြုလုပ်ထားခြင်းဖြစ်တယ်ဟု သိရပါသည်။

Bread Talk ဆိုင်ခွဲကို လာရောက်စားသုံးသူများအနေဖြင့် ပေါင်မုန့်၊ ကိတ်မုန့်၊ အမျိုးအစားပေါင်း ၁၀၀ထဲက မိမိနှစ်သက်ရာ အမျိုးအစားများကို ရွေးချယ်စားသုံးနိုင်မှာဖြစ်ပြီး ဈေးနှုန်းများမှာလည်း ၈၀၀ကျပ် မှစ၍ သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေပါသည်။ အရသာရှိတဲ့ ပေါင်မုန့်၊ ကိတ်မုန့်များအပြင် ကော်ဖီနဲ့အခြား အအေးတွေကိုပါ သုံးဆောင်နိုင်မှာ ဖြစ်ပါသည်။BreadTalk ကို ထင်ရှားစေသည့် အချက်တစ်ခုဖြစ်သော open kitchen ကို Junction City ရှိ BreadTalk ဆိုင်ခွဲတွင်လည်း ထည့်သွင်းပေးထားရာ စားသုံးသူများအနေဖြင့် ကုန်ကြမ်းအဆင့်မှစ၍ ပေါင်မုန့်ဖြစ်သည်အထိ ပြုလုပ်ပုံအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ပြီး လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသည့် ပေါင်မုန့်များကို တစ်နေ့တာလုံး ယုံကြည်စိတ်ချစွာ စားသုံးနိုင်မည်ဖြစ်ပ်ါသည်။

 

Facebook Comments