Babett Yangon ရဲ့တရုတ်နှစ်သစ်ကူးကြိုဆိုပွဲအတွက် ဝက်သားဟင်းလျာ (၁၂) မျိုး

          တရုတ်နှစ်သစ်ကူး ဝက်နှစ်အခါသမယကို ကြိုဆိုတဲ့အနေနဲ့ Babett Yangon က စားမြိန်ဖွယ် ဝက်သားဟင်းလျာများကို ရောင်းချပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဟင်းလျာများ ရောင်းချပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြင်သစ်စားဖိုမှူးကြီး Christophe က တစ်မူထူးခြားတဲ့ ဝက်သားဟင်းလျာများကို ချက်ပြုတ်တည်ခင်းပေးခဲ့ပါတယ်။

          အဲဒီတည်ခင်းပေးခဲ့တဲ့ ဟင်းလျာစာရင်းမှာတော့ ဧည့်သည်တော်များက ပြင်သစ် နာမည်အရ “သစ်သားပြား” လို့ အဓိပ္ပာယ်ရတဲ့ La Planche ပါ။ ဒီဟင်းပွဲလေးကတော့ အဝမစားချင်တဲ့သူတွေအတွက် နည်းနည်းလေးကို ဝိုင်လေးနဲ့ သုံးဆောင်နိုင်တဲ့ ဟင်းပွဲလေးပါ။ ဒီဟင်းပွဲလေးမှာတော့ အိမ်လုပ်ဝက်ပေါင်ခြောက်၊ နိုင်ငံခြားက တင်သွင်းထားတဲ့ အီတလီက ဝက်ပေါင်ခြောက်၊ စပိန်က Chorizo ဝက်အူချောင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ Pork Tapas ကတော့ တည်ခင်းမယ့် သစ်သားပြားပေါ်မှာ မတူညီတဲ့ အသားလေးတွေကို တည်ခင်းပေးထားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ Tapas ဆိုတာက ဟင်းပွဲအသေးလေးကိုခေါ်တာပါ။ Babett Yangon မှာတော့ မတူညီတဲ့ (၃) မျိုးဖြစ်တဲ့ ဝက်ခြေထောက် အကြွပ်၊ ဝက်နံရိုးအစပ်နဲ့ Croquetas တို့ကို တည်ခင်းထားတာကြောင့် ပွဲဆိုဒ်ကတော့ များပါတယ်။  Selection of Pork Sausages ကတော့ ပြင်သစ် ဝက်အူချောင်းတွေဖြစ်တဲ့ ဝိုင်ဖြူပါဝင်တဲ့ Toulouse Sausage, ကြက်သွန်ဖြူ၊ နို့နှင့် အခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့လုပ်ထားတဲ့ Garlic Saucisse Lyonnaise တို့ကို တည်ခင်းထားတာဖြစ်ပါတယ်။ Pork Roulade ကျတော့ မှို၊ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ အဆာသွတ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ ဝက်မှာရှိတဲ့ အဆီပြင်က ပိုက်ကွန်လိုမျိုးဖြစ်နေတယ်။ အဲဒါနဲ့ပြန်ပတ်ပြီး ဝက်သားကို ချက်ထားတာဖြစ်ပါတယ်။ Home-made Terrine က ဝက်ရဲ့အစိတ်အပိုင်းအားလုံးကို ချက်ပြီး အအေးခံကာ ပေါင်မုန့်နဲ့ တည်ခင်းတဲ့ အစားအစာလေးပါ။ Baked Bone Ham ကတော့ ဝက်ပေါင်ခြောက် အကြီးကြီးကို ၁၂ နာရီခန့် ချက်ပြီး အအေးခံထားတာပါ။ အဲဒါကတော့ အိမ်လုပ် ဝက်ပေါင်ခြောက်နဲ့ အတူတူပါပဲ။ ဒါကို ပြန်ကင်ပြီး အာလူးနဲ့ တည်ခင်းပေးတာ ဖြစ်ပါတယ်။ Traditional Cassoulet ကတော့ မြန်မာဟင်းအနေနဲ့ဆိုရင် ဝက်သားနှပ်လိုပုံစံမျိုးပါ။ Babette Yangon မှာတော့ တစ်မျိုးဆန်းသစ်ထားတဲ့ ပဲထောပတ်ထည့်ထားတဲ့ ပြင်သစ်စတိုင် ဝက်သားနှပ်ဟင်းလေးပါ။ Pork Chops Sides ကတော့ ပုံမှန်ရောင်းနေကျ Pork Chop လိုပုံစံလေးပါပဲ။ အဲဒါကို ဆော့စ်လေးတွေနဲ့ ပြန်သုတ်ပေးထားတာ ဖြစ်ပါတယ်။ Balsamic & Beer Pork Stew ကလည်း ဝက်လက်စတူးလိုပုံစံမျိုးပါပဲ။ Babette Yangon မှာတော့ ပြင်သစ်စတိုင် ဝက်လက်စတူးလေးဖြစ်ပါတယ်။ Pig Ear Salad (ဝက်နားရွက်သုပ်) ကတော့ ပြင်သစ်စတိုင်လေးဖြစ်အောင် သုပ်ပေးထားတာ ဖြစ်ပါတယ်။

          နောက်ထပ် (၂) မျိုးဖြစ်တဲ့ Classic Pot of Feu နှင့် Pork Ribs XXL အကြောင်းကိုတော့ Babett Yangon မှ Sou Chef ကိုဝေလင်းဦးက “မြန်မာလူမျိုးတွေအတွက် ခံတွင်းတွေ့စေမယ့် ဟင်းလျာလေးကတော့ Pork Ribs XXL ဝက်နံရိုးဟင်းလေးပါ။ အာလူးချောင်းကြော်နဲ့ တွဲဖက်ပေးထားပါတယ်။ ဝက်နံရိုးလေးကို အထူးအဆန်းအနေနဲ့ ပုံမှန်ထက် ပိုကြီးတဲ့ XXL ဆိုဒ်ပေးထားတာ ဖြစ်ပါတယ်။ အရသာကတော့ အာရှသားတွေ ကြိုက်မယ့် အရသာပါ။ နောက်ဟင်းလျာတစ်မျိုးဖြစ်တဲ့ Classic Pot of Feu ဆိုတာကတော့ ဝက်လက်စွပ်ပြုတ်လို ပုံစံလေးပါ။ ကျွန်တော်တို့ကျတော့ ပြင်သစ်စတိုင်လေး ချက်ထားတာမို့ အရွက်လေးနဲ့ အချဉ်ဓာတ်လေးထည့်ထားတာကြောင့် မြန်မာလူမျိုးတွေ သဘောကျကြပါတယ်” လို့ ပြောပါတယ်။

အသေးစိတ်သိရှိလိုပါက-

Ph: +95 (0)1 243 639

[email protected]

Facebook Comments