နှစ်လကြာကျင်းပမည့် Sule Shangri-La ၏ သရက်သီးပွဲတော်

          Sule Shangri-La, ရန်ကုန်ရဲ့ စားသောက်ဆိုင်တိုင်းနှင့် ဘားတိုင်းမှာ သရက်သီးပွဲတော်ကို ကျင်းပသွားမှာဖြစ်ပြီး ဟင်းလျာမိတ်ဆက်ပွဲကိုတော့ မေလ ၄ ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။ မေလ ၄ ရက် နေ့မှစတင်ပြီး ဇွန်လကုန်အထိ ဧည့်သည်တော်များကို သရက်သီးရဲ့ ချိုမြိန်တဲ့ အနံ့အရသာနဲ့အတူ အရသာရှိလှတဲ့ ပုံစံအမျိုးမျိုးနဲ့ စောင့်ကြိုနေမှာ ဖြစ်ပါတယ်။

         သရက်သီးဆိုတာ တစ်ကမ္ဘာလုံးက နှစ်သက်စွာစားသုံးနေတဲ့ အသီးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အရမ်းလူကြိုက်များပြီး နာမည်ကြီးတဲ့ သစ်သီးတစ်မျိုးလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ သရက်သီးမျိုးစိတ်ပေါင်း ၄၀ဝ ကျော်ရှိပြီး မြန်မာနိုင်ငံမှာ အနံ့အရသာ၊ အရောင်နဲ့ပုံသဏ္ဌာန်တွေအရ အရည်အသွေးကောင်းမွန်တဲ့ သရက်သီး မျိုးစိတ်ပေါင်း ၁၀ဝ ကျော်ရှိပါတယ်။ သရက်သီးပွဲတော်မှာတော့ Sule Shangri-La ,ရန်ကုန်ရဲ့ စားဖိုမှူးများက အကောင်းဆုံး ပြည်တွင်းသရက်သီးဖြစ်တဲ့ စိန်တစ်လုံး သရက်သီးကို သုံးစွဲသွားမှာ ဖြစ်ပါတယ်။ စိန်တစ်လုံးသရက်သီးက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးသရက်သီးဖြစ်ပြီး သူ့ရဲ့ကောင်းမွန်လှတဲ့ အနံ့အရသာ၊ ချိုမြိန်မှုတွေ၊ အရည်ရွှမ်းမှုနှင့် သဘာဝအရ အမျှင်ဓာတ်နည်းပါးတာကြောင့် နာမည်ကြီးတဲ့ သရက်သီး ဖြစ်ပါတယ်။ Sule Shangri-La, ရန်ကုန်မှာ သရက်သီးကို သောက်စရာ၊ စားစရာ စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Gourmet Shop

          စိန်တစ်လုံးသရက်သီးရဲ့ သဘာဝအတိုင်း ချိုမြိန်မှုကို ခံစားဖို့အတွက် Gourmet Shop ရဲ့ သရက်သီးကောင်တာမှာ သရက်သီးသေတ္တာလေးများကို ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ လက်ဆောင်အဖြစ် ပေးမယ်ဆိုရင်လည်း အကောင်းဆုံး လက်ဆောင်တစ်မျိုး ဖြစ်ပြီးတော့ အိမ်မှာလည်း မိသားစုနဲ့အတူ သုံးဆောင်နိုင်ဖို့အတွက် သရက်သီးသေတ္တာတစ်ခုစီမှာ ရင့်မှည့်နေတဲ့ စိန်တစ်လုံးသရက်သီး ၆ လုံး ပါဝင်ပါတယ်။ သရက်သီးဒိန်ချဉ်၊ သရက်သီးပေါင်မုန့်၊ သရက်သီး Tart မှ Cupcake အထိ သုံးဆောင်နိုင်မှာဖြစ်တဲ့အပြင် စိန်တစ်လုံးချိစ်ကိတ်ကိုပါ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Peacock Lounge

          Peacock Lounge မှာ ရေနွေးကြမ်းနဲ့ သရက်သီးအချိုများနှင့် ရေနွေးကြမ်းအချိုပွဲများကိုလည်း သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ သရက်သီး Plater နွေရာသီအပူဒဏ်ကို ခဏတာ အေးမြသွားစေမယ့် သရက်သီးအချိုရည်၊ ရေခဲလေးတွေနဲ့ ရှိတ်လုပ်ထားတဲ့ သရက်သီး ကော့တေးလ်၊ Mango Margarita တို့ကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Gallery Bar

          Gallery Bar ကို သွားမယ်ဆိုရင်တော့ သရက်သီး၊ Gin နှင့် Blue Curacao တို့နဲ့ ပေါင်းစပ်ထားတဲ့ Tangaroa သရက်သီး၊ သံပရာရည်၊ Grenadine နှင့် Tequila တို့နဲ့ ပြုလုပ်ထားတဲ့ Michelada ဆိုတဲ့ ကော့တေးလ် ၂ မျိုးကို သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

Summer Palace

          သရက်သီးရဲ့ လန်းဆန်းမှုတွေနဲ့အတူ Summer Palace ရဲ့ စားဖိုမှူးကြီး Pang က ဟင်းပွဲများကို ချက်ပြုတ်ပေးသွားမှာဖြစ်ပြီး သရက်သီးနှင့် ပုစွန်ခြောက်ထိုင်းဆော့စ် အသုပ်၊ အမဲသားနှင့် သရက်သီးကော်ပြန့်ကြော်၊ သရက်သီးအစိမ်း၊ ကြက်သားနှင့် Udon ခေါက်ဆွဲအေး၊ ကြက်သားထမင်းကြော်နှင့် သရက်သီး၊ ကောက်ညှင်း၊ သရက်သီးနှင့် အုန်းနို့စတဲ့ ဟင်းလျာများအပြင် ဟင်းလျာများကို ဟင်းပွဲတစ်ပွဲချင်းစီ မိမိကြိုက်နှစ်သက်ရာ မှာယူသုံးဆောင်နိုင်ပါတယ်။ အဲဒီဟင်းလျာများကို နေ့လယ်စာနှင့် ညစာ နှစ်မျိုးစလုံး ရရှိသုံးဆောင်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက-

Ph: (951) 242 828, Extension: 6340

E-mail:[email protected]

Facebook Comments