မြန်မာနိုင်ငံ ဈေးကွက်အတွက် အထူးထုတ်လုပ်ထားသည့် 100 PLUS Active Tasty Lemon ထုတ်ကုန်အသစ် စတင်မိတ်ဆက်

          100 PLUS က မြန်မာနိုင်ငံရှိ  စားသုံးသူများ ကြိုက်နှစ်သက်သည့် အရသာအတိုင်း ကောင်းမွန်သော လီမွန်အရသာ ရေဓာတ်ဖြည့် အချိုရည်အသစ်တစ်မျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။

          100 PLUS Active Tasty Lemon ထုတ်ကုန်သစ် စတင်မိတ်ဆက်ခြင်းကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် 100 PLUS က ဆီဒိုနားဟိုတယ်ရန်ကုန်ရှိ Grand Ballroom တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်ကိုယ်စားလှယ်များ၊ စားသုံးသူများနှင့် သတင်းမီဒီယာမှ တာဝန်ရှိသူများက အချိုရည်၏ ထူးကဲကောင်းမွန်သည့် အရသာကို အတူတကွ မြည်းစမ်းခဲ့ကြသည်။

          ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝယ်ယူရရှိနိုင်မည့် 380 ml အရွယ်အစားရှိ  100 PLUS Active Tasty Lemon  အချိုရည်ဘူးများသည် 100 PLUS အမှတ်တံဆိပ်၏ ဂက်စ်မပါဝင်သည့် ထုတ်ကုန်ဖြစ်ပြီး ပုံစံအသစ်တစ်မျိုးဖြင့် စားသုံးသူများ၏ နေ့စဉ်လန်းဆန်းတက်ကြွစွာ လှုပ်ရှားသွားလာနေရသည့် လူနေမှုဘဝများကို ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ကျင်းပသွားမည့် 100 PLUS ပရိုမိုးရှင်းအစီအစဉ်

          100 PLUS က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည့် အရောင်းမြှင့်တင်ရေး ကံစမ်းမဲအစီအစဉ်တစ်ခုကို ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ၃၈၀ူာ အရွယ်အစားရှိသော မည်သည့် 100 PLUS အချိုရည်ဘူး (100 PLUS ပုံမှန်အရသာ၊ 100 PLUS ဘယ်ရီအရသာ၊ 100 PLUS လိမ္မော်အရသာနှင့် 100 PLUS လီမွန်အရသာ) ကိုမဆို ဝယ်ယူသောက်သုံးသူများအနေဖြင့် အောက်ပါကံစမ်းမဲများကို ဆွတ်ခူးနိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်သည်။

–  အထူးဆုကြီး – 2018 Suzuki Swift ကား – ၁ ဆု

–  ရွှေပြား (တစ်ကျပ်သား) – ၅၀ ဆု

–  ငွေကျပ် ၁၀ဝ၀ဝ၀ – ၁၀ဝ ဆု

–  မည်သည့်ဆက်သွယ်ရေးအော်ပရေတာ ဖုန်းနံပါတ်မဆို ဖြည့်သွင်းနိုင်သည့် ကျပ် ၁၀ဝ၀ တန် ငွေဖြည့်ကုဒ်နံပါတ် – ၅၀ဝ၀ဝ၀ ဆု

          စားသုံးသူများသည် ဘူးအဖုံးအတွင်းဘက်ကို စစ်ဆေးပြီး ချက်ချင်းထုတ်ယူနိုင်သော ဆုမဲများ ရှိ၊ မရှိ စစ်ဆေးရမည် ဖြစ်သည်။ ပရိုမိုကုဒ် ကံထူးပါက ၄င်းပရိုမိုကုဒ်ကို +၉၅၉ ၉၆၉၆၉၆၁၀ဝ သို့ မက်ဆေ့ခ်ျပေးပို့ပြီး ကျပ် ၁၀ဝ၀ ဖုန်းငွေဖြည့်ဆုများ ရယူနိုင်မည် ဖြစ်သည်။

          အသေးစိတ်သိရှိလိုပါက – www.facebook.com/100PlusMyanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Facebook Comments

Menu