မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ နာမည်ကြီး TOM N TOMS COFFEE ဆိုင်၏ ဒုတိယမြောက် ဆိုင်ခွဲဖွင့်လှစ်

          TOM N TOMS COFFEE ကော်ဖီဆိုင်ရဲ့ ဒုတိယမြောက်ဆိုင်ခွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်သာယာစင်တာမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားနှင့် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ TOM N TOMS COFFEE ကော်ဖီဆိုင်ရဲ့  ထိုင်းနိုင်ငံ ဒုတိယမန်နေဂျင်းဒါရိုက်တာ K. Wiwat Dendeewanich က အဖွင့်အမှာစကားပြောကြား၍ TOM N TOMS COFFEE ကော်ဖီဆိုင်အကြောင်းကို ဗီဒီယိုနဲ့ တင်ဆက်ပြသခဲ့ပြီး ကော်ဖီဆိုင်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ နာမည်ကြီးအနုပညာရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

          TOM N TOMS COFFEE ကော်ဖီဆိုင်ကို ၂၀ဝ၁ ခုနှစ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ နယ်မြေတစ်ခုဖြစ်တဲ့ Apgujeong-dong မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်များမကြာမီ ၂၀ဝ၉  ခုနှစ်မှာ ဆိုင်ခွဲပေါင်း ၂၀ဝ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အဲဒီနှစ်မှာပဲ စင်ကာပူနိုင်ငံမှာ ပထမဦးဆုံး TOM N TOMS COFFEE  ကော်ဖီဆိုင်ကို ဖွင့်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်တော်များများမှာ ဆိုင်ခွဲပေါင်း ၅၀ဝ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကော်ဖီစိုက်ခင်းများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေပြီး ကော်ဖီလှော်တဲ့ စက်ရုံများ၊ ကော်ဖီသုတေသနနှင့် ကော်ဖီ အကယ်ဒမီများကိုလည်း တည်ထောင် လုပ်ကိုင်လျက်ရှိပါတယ်။ မြန်မာပြည်မှာ ဒုတိယမြောက် ဆိုင်ခွဲအဖြစ် ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့  ကန်သာယာစင်တာက TOM N TOMS COFFEE ကော်ဖီဆိုင်မှာတော့ ကော်ဖီအမျိုးမျိုးနဲ့ အခြားသောက်စရာများ၊ TOM N TOMS COFFEE ကော်ဖီဆိုင်နဲ့ ခွဲမရတဲ့ နာမည်ကြီးကိုယ်တိုင်လုပ် ပရက်ဇယ်ပေါင်မုန့် (Prezel) နဲ့ ပျားရည်ထောပတ် ပေါင်မုန့် (Honey Butter Bread) တို့ကို ရရှိမှာဖြစ်ပါတယ်။  ဒါ့အပြင် Ham Cheese Sandwish, ခရက်စွန်း (Crossant) ပါစတာ အစရှိတဲ့ စားဖွယ်စုံများလည်း ရရှိနိုင်ပါတယ်။ ကော်ဖီကြိုက်နှစ်သက်သူတွေအတွက် နေရာကောင်းကောင်းနဲ့ အတွေ့အကြုံကောင်း ကောင်းရရှိနိုင်မယ့် ကော်ဖီဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။

Facebook Comments