မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အမီ Pizza Hut Myanmar မှ CHEESY BITES Shal မီးနူးသစ် မိတ်ဆက်ပွဲကျင်းပ

          မြန်မာနိုင်ငံတွင် ထင်ရှားသော ပီဇာစားသောက်ဆိုင်ဖြစ်သည့် Pizza Hut Myanmar မှ ကမ္ဘာတစ်ဝန်းတွင် ထင်ရှားသော မီနူးတစ်ခုဖြစ်သည့် Cheesy Bites Pizza ကို မြန်မာနိုင်ငံမှ စားသုံးသူများအတွက် ထူးခြားကောင်းမွန်သော CHEESY BITES Shal မီနူးသစ်အဖြစ် မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၆ မိုင်ခွဲ ပြည်လမ်း၊ Marketplace by City Mart ရှိ Pizza Hut ဆိုင်ခွဲ၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။

          အဆိုပါ CHEESY BITES Shal မီနူးသစ် မိတ်ဆက်ပွဲ အခမ်းအနားသို့ Pizza Hut Myanmar မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နာမည်ကျော်အနုပညာ ရှင်များဖြစ်ကြသည့် ရဲထွဋ်၊ အေရီယယ်သုတတို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

          Cheesy Bites Pizza သည် Pizza Hut ၏ ကမ္ဘာတစ်ဝန်း၌ နာမည်ကျော်ကြား လူကြိုက်များသည့် မီနူးတစ်ခုဖြစ်ပြီး ပီဇာ၏ ပတ်ပတ်လည်တွင် Cheese ဖြင့် ပြုလုပ်ထားသော တစ်ကိုက်စာ အလုံးလေးများအား ထူးခြားပြီး အရသာရှိသည့် Cheesy Cheddar Bites, Crispy Sesame Bites နှင့် Sweet Honey Bites စသည်ဖြင့် အရသာ (၃) မျိုး ထည့်သွင်းဖန်တီးထားခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည့် CHEESY BITES Shal မီနူးသစ်ကို မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအကြိုအဖြစ် အဓိကထား၍ စီစဉ်ဖန်တီးလိုက်ခြင်းဖြစ်ပြီး Meat Supreme, BBQ Chicken နှင့် Veggie Supreme ပီဇာ (၃) မျိုးတို့၏ အရသာများကို ရွေးချယ်နိုင်မည် ဖြစ်သည်။

          CHEESY BITES Shal ပီဇာတစ်ချပ်၏ ဈေးနှုန်းမှာ ကျပ် ၁၇၀ဝ၀ ဖြစ်ပြီး Set လိုက် မှာယူစားသုံးလိုပါက Set 1 အဖြစ် Cheese Bites ပီဇာ + Garlic Bread (၄) ခု + Pepsi (၂) ခွက်တို့ကို ကျပ် ၁၈၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ Set 2 အဖြစ် Cheesy Bites Pizza + Garlic Bread (၆) ခု + Pepsi (၄) ခွက် + Black Pepper Chicken Spaghetti (၁) တို့ကို ကျပ် ၂၂၀ဝ၀ နှုန်းဖြင့်လည်းကောင်း မှာယူ စားသုံးနိုင်မည်ဖြစ်ပါသည်။

          အထူးပရိုမိုးရှင်းအနေဖြင့် CHEESY BITES Shal စားသုံးပြီးနောက် ထပ်မံမှာယူလိုသူများအနေဖြင့် Cheesy Bites ပီဇာ ၁ ခုလျှင် ကျပ် ၁၂၀ဝ၀ နှုန်း၊ အခြားပုံမှန် ပီဇာ ၁ ခုလျှင် ကျပ် ၁၀ဝ၀ဝ နှုန်း၊ နှစ်သက်ရာအရသာ ကြက်တောင်ပံ ၈ ခုကို  ကျပ် ၅၀ဝ၀ နှုန်း၊ ကြက်သားနှင့် မှိုစွပ်ပြုတ်ကို ကျပ် ၂၀ဝ၀ နှုန်းနှင့် မည်သည့်အအေး ကိုမဆို ကျပ် ၁၃၀ဝ နှုန်း စသည်ဖြင့် ရောင်းချပေးလျက်ရှိနေသည်။

          ထို့ပြင် CHEESY BITES Shal စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် စားသုံးသူများအတွက် အပိုလက်ဆောင် ကူပွန်များ ပေးအပ်သွားမည်ဖြစ်ပြီး ကူပွန် (၁) ဆိုလျှင် Cheese Bites A La Carte (တစ်ခုစီ) အတွက် ၁၀% အထူးလျှော့ဈေး၊ ကူပွန် (၂) ဆိုလျှင် ကြက်တောင်ပံ (၆) ခု၊ ကူပွန် (၃) ဆိုလျှင် ကြက်သားနှင့် မှိုစွပ်ပြုတ်နှင့် Garlic Bread (၄) ခုတို့ကိုလည်း ရရှိမည်ဖြစ်ပါသည်။

          ထို့ပြင် CHEESY BITES Shal မီနူးသစ် စတင်ထွက်ရှိမည့် မတ်လ ၂၃ ရက်နေ့၌ ရန်ကုန်နှင့် မန္တလးရှိ Pizza Hut ဆိုင်ခွဲများ အားလုံး၌ ပထမဆုံး လာရောက်ဝယ်ယူစားသုံးသူ အယောက် ၃၀ ကို Cheesy Bites Pizza တစ်ချပ်လျှင် ကျပ် ၃၀ဝ၀ နှုန်း အထူးဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

Facebook Comments