အာရှအချိုရည်၏ ကံစမ်းမဲဖောက်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

asia_1

asia_5 asia_4

asia_3 asia_2

အာရှအချိုရည်၏ ကံစမ်းမဲဖောက်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

       အာရှအချိုရည်က On-premise ဆိုင်များနှင့် စားသုံးသူများကို  ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပထမအကြိမ် ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake Yangon (Grand Ballroom) ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

    အဆိုပါအခမ်းအနားတွင် စားသုံးသူများအတွက် ပထမဆု ကျပ် သိန်း ၁ဝဝ၊ ဒုတိယဆု ကျပ် သိန်း ၅ဝ၊ တတိယဆု ကျပ် သိန်း ၃ဝ၊ ကျပ် ၁ဝ သိန်းဆု ၂ ဆု၊ ရွှေ ၃ ကျပ်သား၊ ရွှေ ၂ ကျပ်သား၊ ရွှေ ၁ ကျပ်သား ၃ ဆုနှင့် ဥည-စမနာငျန ဆိုင်များအတွက် တီဗီ၊ ဆိုင်ကယ်၊ လက်ပ်တော့၊ နိုင်ငံခြားခရီးစဉ်၊ ရွှေသားဆုများကို ကံစမ်းမဲဖောက်ပေးခဲ့ပြီး ချမ်းချမ်း၊ Lလွန်းဝါ၊ Life & Dance အဖွဲ့တို့၏ ဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း သိရသည်။

    အာရှအချိုရည်သည် ဥည-စမနာငျန ဆိုင်များအတွက် ဒီဇင်ဘာလ နှင့်မတ်လတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ကံစမ်းမဲများ ဆက်လက်ဖောက်ပေးသွားမည်ဖြစ်ပြီး စားသုံးသူများအတွက်မူ မတ်လတွင် ကံစမ်းမဲ ထပ်မံဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Facebook Comments