အရည်အသွေးမြင့် ပါဝင်ပစ္စည်းများဖြင့် တီထွင်ဆန်းသစ်ထားသော ခနောငါးမှုန့်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခြင်းကျင်းပ
          ကမ္ဘာ့အကြီးမားဆုံး အစားအစာ အမှတ်တံဆိပ်များတွင် တစ်ခုအပါအဝင် ဖြစ်သော ခနောက မြန်မာနိုင်ငံဈေးကွက်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထား သည့် ထုတ်ကုန်အသစ် ခနောငါးမှုန့် မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၃ ရက်နေ့၌ Novotel Yangon Max ဟိုတယ်တွင် ကျင်းပခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စာနယ်ဇင်းမီဒီယာတို့မှလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
          ၁၈၃၈ ခုနှစ်မှ စတင်၍ ခနောသည် ကမ္ဘာတစ်ဝန်းလုံးရှိ အကောင်းဆုံး အနံ့၊ အရသာများကို ရှာဖွေခဲ့ပြီး ယခုအခါ ခနော၏ အရည်အသွေးမြင့် စားသောက်ကုန် ပစ္စည်း များကို နေ့စဉ် လူသန်းပေါင်း ၃၂၀ ကျော် နှစ်ခြိုက်စွာ စားသုံးနေကြပြီဖြစ်ပါသည်။ ခနော၏ အတွေ့အကြုံနှင့်နည်းပညာများကို အခြေခံကာ ရေချိုငါးကြင်းစစ်စစ်နှင့် လတ်ဆတ်မှုအရှိဆုံး ဟင်းခတ်အမွှေးအကြိုင်များဖြင့် စီမံထုတ်လုပ်ထားသည့် ခနော ငါးမှုန့်ကို မြန်မာနိုင်ငံအတွက် ယူဆောင်လာခဲ့ပြီ ဖြစ်ပါသည်။ ခနောငါးမှုန့်ဖြင့် ဟင်းလျာများ၏ အကောင်းဆုံး အနံ့၊ အရသာကို ထွက်ပေါ်လာစေပြီး ချိုမြိန်သာယာ သော မိသားစုအချိန်လေးများကို ဖန်တီးနိုင်မည်ဖြစ်သည်။
          ခနောငါးမှုန့်ကို ဘန်ကောက်မြို့ရှိ ခနော၏ လေ့လာဆန်းသစ်တီထွင်ရေး (R & D) အဖွဲ့နှင့် ဝါရင့် ခနောစားဖိုမှူး Mr. Siddharth Raghavan တို့ ပူးပေါင်း စီမံထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ခနောငါးမှုန့်သည် ရေချိုငါးကြင်းကို ငါးညှီနံ့မရှိစေဘဲ သင်းပျံ့သောအနံ့ ရရှိစေရန် နေ့စဉ်စားသုံးနေကျ မြန်မာ့ဟင်းလျာများနှင့် လိုက်ဖက်မှုရှိသော ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် အချိုးကျ ပေါင်းစပ်ထုတ် လုပ်ထားသောကြောင့် မြန်မာလူမျိုးများ ပိုမိုအကြိုက်တွေ့စေမည် ဖြစ်ပါသည်။
          ခနောငါးမှုန့်ကို ရေချိုငါးကြင်းနှင့် လတ်ဆတ်မှုအရှိဆုံး ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်၍ အထူးသီးသန့် ထုတ်လုပ်ထားသောကြောင့် မြန်မာ့အိမ်၊ မြန်မာ့မိသားစု၊ မြန်မာ့ဟင်းလျာများနှင့် ကိုက်ညီမှုရှိပါသည်။
ခနောငါးမှုန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဖန်တီးပြုလုပ်ထားသည့် ဓာတုဗေဒပစ္စည်းများ သို့မဟုတ် ပါဝင်ပစ္စည်းများ မပါဝင်ပါ။ ထို့ပြင် ကြာရှည်ခံ ဓာတုပစ္စည်းများ အသုံးပြုထားခြင်းမရှိဘဲ သဘာဝအတိုင်း အမှုန့်ဖြစ်အောင် အခြောက်ခံထားခြင်း ဖြစ်ပါသည်။ ခနောငါးမှုန့်တွင် အဆီနှင့် ကယ်လိုရီ မပါဝင်သောကြောင့် မိသားစုအတွက် အာဟာရပြည့်ဝသည့် အစားအစာများ နေ့စဉ် ချက်ပြုတ်ရန်အတွက် ကျန်းမာရေး အထောက်အကူပြု ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။
          ထုတ်ကုန်အသစ် ထုတ်လုပ်ပြီးချိန်တွင်လည်း ခနောမှ မြန်မာနိုင်ငံရှိ အိမ်ရှင်မများ အပါအဝင် စားသုံးသူတချို့ကို ခနောငါးမှုန့်ဖြင့် ဟင်းလျာများကို စမ်းသပ် ချက်ပြုတ်စေကာ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ စားသုံးသူများထံမှ သဘာဝငါးစစ်စစ်၏ အချိုအရသာ၊ ငါးနှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ သင်းပျံ့သော မွှေးရနံ့၊ စစ်မှန်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့မြင်နိုင်ခြင်း စသည့် ကောင်းမွန်သော မှတ်ချက်များကို ရရှိခဲ့ပါသည်။
          မြန်မာနိုင်ငံတွင် ခနောငါးမှုန့်အပြင် ခနောကြက်သားမှုန့်၊ ခနော တုံယမ်း ဟင်းချိုခဲနှင့် ခနောဆန်ပြုတ်တို့လည်း ရရှိနိုင်ပါသည်။ ခနောငါးမှုန့်နှင့် ခနောမြန်မာအကြောင်း အသေးစိတ်သိရှိလိုပါက www.facebook.com/KnorrMyanmar သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
Facebook Comments