ရန်ကုန်မြို့ ကမ်းနားဟိုတယ်က ဧည့်သည်စားဖိုမှူးကြီး Roland Durand ရဲ့ အရောင်အသွေးနဲ့ အရသာစုံလင်တဲ့ ဆောင်းရာသီဝိုင်တွဲဖက်ညစာ The Essence of Autumn Through Colours and Flavours

          The Strand Restaurant ကနေ မီရှယ်လင်းကြယ်ဆုနှင့် ပြင်သစ်နိုင်ငံရဲ့  ထိပ်တန်း ဆုတံဆိပ်တစ်ခုဖြစ်တဲ့ Meilleur Ouvrier de France ရရှိထားတဲ့ အစားအသောက် စာရေးဆရာပြင်သစ်စားဖိုမှူးကြီး Roland Durand နဲ့ အထူးသီးသန့်ညစာလေးကို  ပေါင်းပြီး ဖန်တီးသွားမယ့် အကြောင်းလေး ကြေညာခဲ့ပါတယ်။ စားဖိုမှူးကြီး Durand ရဲ့ အရောင် အသွေးနဲ့ အနံ့အရသာစုံလင်တဲ့ ဆောင်းဦးရာသီ အထူးဟင်းလျာအမည် (၆)မျိုးကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ညနေခင်း ၃ ရက် ဆက်တိုက် The Strand Restaurant မှာ တည်ခင်းခဲ့ပါတယ်။

          The Strand Yangon ရဲ့ Executive Chef ဖြစ်တဲ့ Patrick Perie နဲ့ စားဖိုမှူး Durand တို့ ပူးပေါင်းပြီး ဆောင်းဦးရာသီအငွေ့အသက် တွေပါဝင်တဲ့ ဟင်းလျာအမည် (၆) မျိုးကို ပြင်သစ်နိုင်ငံမှ တင်သွင်းတဲ့ ရာသီစာများနဲ့ ချက်ပြုတ်ပေးသွားမှာဖြစ်ပြီး အကောင်းဆုံးရွေးချယ်ထားတဲ့ ဝိုင်များနှင့် တွဲဖက်ပေးမှာဖြစ်ပါတယ်။ ပါဝင်မယ့် ဟင်းလျာများကတော့ ပြင်သစ်ကမာကောင်နှင့် Beetroot ဟင်းရည်၊ မှိုနဲ့ ငန်းအသည်း အဆာသွတ်ထားတဲ့ Ravioli နှင့် Truffle Cappuccino, မီးခိုးကျပ်တိုက်ထားတဲ့ အာလူးဟင်းရည်လေးထဲက ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်က ရတဲ့ Scallop စတဲ့ ဟင်းလျာတို့ ပါဝင်မှာ ဖြစ်ပါတယ်။

          Roland Durand က ပြင်သစ်နိုင်ငံ ပဲရစ်မြို့က မီရှယ်လင်းကြယ်ဆုရ Le Passiflore စားသောက်ဆိုင်မှာ ၁၃ နှစ်တာ အလုပ်လုပ်နေတဲ့ ဆုရ ပြင်သစ်စားဖိုမှူးနှင့် အစားအသောက် စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ ၂၀ဝ၁ ခုနှစ်မှာ Le Passiflore ကို တည်ထောင်ခဲ့ပြီး အဲဒီ စားသောက်ဆိုင်လေးက ခေတ်မီ Bistro စတိုင်လ် စားသောက်ဆိုင်လေး ဖြစ်ပါတယ်။ ပြင်သစ်မော်လီကျူလာနည်းပညာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာများနှင့် နိုင်ငံတကာဝိုင်များကို ရောင်းချတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ လစဉ် ဝိုင်နဲ့လိုက်ဖက်တဲ့ ဟင်းလျာများကိုလည်း ပြောင်းလဲတီထွင်ချက်ပြုတ်ကြပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံရှိ မီရှယ်လင်းကြယ်ဆု ၂ ခုရရှိထားတဲ့ Le Pre Catelan စားသောက်ဆိုင်၊ Sofitel Paris မှာရှိတဲ့ မီရှယ်လင်းကြယ်ဆု ၁ ခုရထားတဲ့ စားသောက်ဆိုင်နှင့် လန်ဒန်မှာရှိတဲ့ Savoy ဟိုတယ်တို့ကို စီမံညွှန်ကြားခဲ့ပါတယ်။ Grand Prix International Auguste Escoffier လိုမျိုး နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ဆုများရရှိထားသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့  ထိပ်တန်းဆုတံဆိပ်တစ်ခုဖြစ်တဲ့ Meilleur Ouvrier de France မှ အကောင်းဆုံး ပြင်သစ်စားဖိုမှူးလို့ နာမည်တပ်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက-

E-mail : [email protected]

Ph: (95) 1243 377

Facebook Comments