ရန်ကုန်မြို့ ကမ်းနားဟိုတယ်က ပြင်သစ်ဟင်းလျာများ The Strand Restaurant, The Strand Hotel Yangon

          ပြင်သစ်ဟင်းလျာတွေက အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ အစဉ်အလာကောင်း၊ အရသာကောင်းတွေကြောင့် ပြင်သစ်ဟင်းလျာတွေကို သုံးဆောင်ရာမှာ မရိုးသွားဘဲ အမြဲဆန်းသစ်နေတာ တွေ့ရပါတယ်။ ပြင်သစ်ဟင်းလျာတွေကို ကြိုက်နှစ်သက်သူတွေ၊ ဒါမှမဟုတ် အခုမှစပြီး မြည်းစမ်းချင်သူတွေအတွက်တော့ ရန်ကုန်မြို့က ပြင်သစ်ဟင်းလျာ ဖိုင်း ဒိုင်းနင်း စားသောက်ဆိုင်တွေအထဲက ကမ်းနားလမ်း ကမ်းနားဟိုတယ်မှာရှိတဲ့ ကမ်းနားစားသောက်ဆိုင်ကို ညွှန်းချင်ပါတယ်။ ကမ်းနားဟိုတယ်ရဲ့ ခမ်းနားတည်ငြိမ်တဲ့ အပြင်အဆင်၊ သာယာငြိမ့်ညောင်းတဲ့ နောက်ခံတေးဂီတနဲ့ ပြင်သစ်ဟင်းလျာတွေကို သုံးဆောင်ရတာက စိတ်ကျေနပ်စရာကောင်းပါတယ်။

          ပြင်သစ်ဟင်းလျာတွေကို ကျွမ်းကျင်စွာ ပြင်ဆင်တည်ခင်းပေးနေတဲ့ ကမ်းနားဟိုတယ် အမှုဆောင်စားဖိုမှူးအသစ် Patrick Perie ကိုတော့ ပြီးခဲ့တဲ့ ဧပြီလမှာ ကြိုဆိုခဲ့ကြပါတယ်။ ပြင်သစ်လူမျိုး စားဖိုမှူးကြီး Patrick Perie ဟာ ဘန်ကောက်မြို့ရှိ နာမည်ကျော် The Oriental ဟိုတယ်၊ ဘေဂျင်းမြို့ရှိ The Legendale ဟိုတယ်တို့မှာ အမှုဆောင် စားဖိုမှူးကြီးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အကောင်းဆုံး အရည်အသွေးနှင့် အထူးပြင်ဆင် ဖန်တီးထားတဲ့ ပြင်သစ်ဟင်းလျာများကို ညစာသုံးဆောင်နိုင်ဖို့ ပွင့်လင်းရာသီအမီ ပြန်လည် မိတ်ဆက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ဒေသထွက်ဟင်းခတ်အမွှေးအကြိုင်များ၊ အသီးအနှံ၊ အသီးအရွက်များနဲ့ စီမံချက်ပြုတ်ထားတဲ့ ဟင်းလျာများပါဝင်ပါတယ်။ ဖိုင်းဒိုင်းနင်းပုံစံ ဟင်းလျာတွေကို တည်ခင်းရာမှာ ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ်စစ်မှန်မှု၊ တာဝန်ယူပြင်ဆင်တဲ့ စားဖိုမှူးကြီးရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတို့က အရေးကြီးပါတယ်။ အတွေ့အကြုံ၊ ဆန်းသစ်တဲ့စိတ်ကူး၊ ချက်ပြုတ်နည်းပညာတို့နဲ့ ပေါင်းစပ်လို့ အရသာညီညွတ်မျှတပြီး ချို၊ချဉ်၊ ငန်၊ ခါးအရသာတွေကို ပေါင်းစပ်ထားပေမယ့် အရသာတစ်ခုခုက လွှမ်းမိုးမသွားဘဲ တစ်ခုချင်းစီရဲ့ အရသာတွေက ထင်ရှားပေါ်လွင်နေဖို့ လိုပါမယ်။ ကမ်းနားဟိုတယ် အမှုဆောင်စားဖိုမှူးအသစ် Patrick Perie ရဲ့  ပြင်သစ်ဟင်းလျာတွေကို ကမ်းနားဟိုတယ်ရဲ့ ခမ်းနားတည်ငြိမ်တဲ့ အပြင်အဆင်နဲ့ သာယာငြိမ့်ညောင်းတဲ့ နောက်ခံတေးဂီတနဲ့အတူ သုံးဆောင်ချင်တယ်ဆိုရင်တော့…

The Strand Restaurant, The Strand Hotel Yangon

92, Strand Road, Yangon

[email protected]

951 243377-79

Facebook Comments