ပဉ္စမအကြိမ်မြောက် ကျင်းပသော Food & Hotel Myanmar 2018

          ပဉ္စမအကြိမ်မြောက် Food & Hotel Myanmar 2018 ပွဲကြီးကို ယခုနှစ် ဇွန်လ ၆ ရက်နေ့မှ  ၈ ရက်နေ့အထိ ရန်ကုန်မြို့  မင်းဓမ္မလမ်းပေါ်ရှိ MEP ခန်းမမှာ မနက် ၁၀ နာရီ မှ ညနေ ၆ နာရီအထိ ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲကြီးမှာ နိုင်ငံပေါင်း ၂၀ ကျော်နှင့် ပါဝင်ပြသသူပေါင်း ၂၀ဝ ကျော်က နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တင်ဆက်ပြသခဲ့ပြီး ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ တူရကီနှင့် အမေရိကတို့ရဲ့ နိုင်ငံတကာပြခန်းတွဲ ၆ ခန်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Myanmar Chefs Association (MCA) နှင့် UBM Myanmar တို့က ပူးတွဲ စီစဉ်ထားတဲ့ 5th Myanmar Culinary Arts Competition (MCAC) 2018 ပြိုင်ပွဲလေးလည်း ပါဝင်ပြီးတော့ အဲဒီပြိုင်ပွဲလေးက World Association of Chefs Societies (WACS) နှင့် World Chefs Without Boarders (WCWB) တို့ရဲ့ ထောက်ပံ့မှုတွေကိုပါ ရရှိထားပါတယ်။ Element Coffee Consulting & Machine Supplies နှင့် UBM Myanmar တို့က ပူးတွဲစီစဉ်ပြီး Barista Association of Myanmar (BAM) နှင့် Myanmar Coffee Association တို့က ထောက်ပံ့ပေးထားတဲ့ 5th Myanmar National Barista Championship (MNBC) 2018 လည်း ပါဝင်ခဲ့ပါတယ်။

          Food Science & Technology Association (Myanmar) မှ ဆွေးနွေးပွဲများနှင့် Quiz Bowl 2018 ကို ဇွန်လ  ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစားအစာ၊ ဧည့်ခံကြိုဆိုမှုနှင့် အစားအစာသိပ္ပံဆိုင်ရာ ကျွမ်းကျင်သူများအတွက် လေ့လာနိုင်တဲ့ ဆွေးနွေးပွဲလေးလည်း ဖြစ်ခဲ့ပါတယ်။ Sithar Coffee စီစဉ်တဲ့ ကော်ဖီဆိုင်ရာ ဗဟုသုတများနှင့် အချက်အလက်များ၊ Latte Art ဖန်တီးနည်းနှင့် World Latte Art Champianship ရဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း တင်ဆက်ပေးခဲ့ပါတယ်။ Meat & Livestock Austrila က စီစဉ်တဲ့ Butchery Master Class ကို ကျွမ်းကျင်သူများက လေ့ကျင့်ပေးခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှာ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။

          အဲဒီပြပွဲကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်း၊ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်သူများနှင့် အစားအသောက်ကို စိတ်ပါဝင်စားသူများလည်း လာရောက် လေ့လာခဲ့ကြပါတယ်။

Facebook Comments