ပဉ္စမအကြိမ်မြောက် ကျင်းပသော Food & Hotel Myanmar 2018

          ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ  ၈ ရက်နေ့အထိ ကျင်းပသွားမယ့် ပဉ္စမအကြိမ်မြောက် Food & Hotel Myanmar 2018 ပွဲကြီးအတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို မေလ ၄ ရက် နေ့က ရန်ကုန်မြို့ Pullman Hotel မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပဉ္စမအကြိမ်မြောက် ကျင်းပသော Food & Hotel Myanmar 2018 မှာ နိုင်ငံပေါင်း ၂၀ ကျော်တို့မှ ပါဝင်ပြသသူပေါင်း ၂၀ဝ ကျော်က နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တင်ဆက်ပြသသွားမှာဖြစ်ပြီး ကိုရီးယား၊ စင်ကာပူ၊ တူရကီနှင့် အမေရိကန်တို့မှ နိုင်ငံတကာပြခန်းတွဲ ၄ခန်းကိုလည်း လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဲဒီပြပွဲကြီးကို ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MEP ခန်းမမှာ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

          ပြပွဲမှာ တခြားသော အစီအစဉ်တွေဖြစ်တဲ့ Myanmar Chefs Association (MCA) နှင့် UBM Myanmar တို့ ပူးတွဲစီစဉ်ထားတဲ့ 5th Myanmar Culinary Arts Competition (MCAC) 2018 ပြိုင်ပွဲလေးဖြစ်ပါတယ်။ ဒီပြိုင်ပွဲလေးက World Association of Chefs Societies (WACS) နှင့် World Chefs Without Boarders (WCWB) တို့ရဲ့ ထောက်ပံ့မှုတွေကိုပါ ရရှိထားတာဖြစ်ပါတယ်။ Element Coffee Consulting & Machine Supplies နှင့် UBM Myanmar တို့မှ ပူးတွဲစီစဉ်ပြီး Barista Association of Myanmar (BAM) နှင့် Myanmar Coffee Association တို့က ထောက်ပံ့ပေးထားတဲ့ 5th Myanmar National Barista Championship (MNBC) 2018 လည်း ပါဝင်မှာဖြစ်ပါတယ်။

          Food Science & Technology Association (Myanmar) မှ ဆွေးနွေးပွဲများနှင့် Quiz Bowl 2018 ကို ဇွန်လ  ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Sithar Coffee မှ စီစဉ်တဲ့ Introduction to Latte Art By Sithar က တင်ဆက်မှာဖြစ်ပြီး Latte Art ဖန်တီးနည်းနှင့် World Latte Art Champianship ရဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Meat & Livestock Austrila က စီစဉ်တဲ့ Butchery Master Class ကို ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာတော့ အသိအမှတ်လက်မှတ်ကို ပေးအပ်သွားမှာဖြစ်ကာ ဇွန်လ ၇ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

          စီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်း၊ အစား အသောက်ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူများနှင့် အစားအသောက်ကို စိတ်ပါဝင်စားသူများ သွားရောက်လေ့လာသင့်တဲ့ ပြပွဲလေးတစ်ခုလည်း ဖြစ်ပါတယ်။ အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းချင်သူများအတွက် www.foodandhotelmyanmar.com တွင် စာရင်းသွင်းနိုင်ပြီးတော့ ပြပွဲချိန်အတွင်းမှာလည်း စာရင်းပေးသွင်းနိုင်ပါတယ်။

Facebook Comments