ပင်လယ်စာ ဟင်းချက်ပြိုင်ပွဲ

Kwz_tt_1

Kwz_tt_2ပင်လယ်စာ ဟင်းချက်ပြိုင်ပွဲ

       2015 October 14 မှ 16 စုစုပေါင်း သုံးရက်ကျင်းပဖြစ်တဲ့ ပွဲလေးကို တင်ပြချင်ပါတယ်။ ဒီပွဲကို ‘မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်’ Sponer ပေးပြီး MCA ဥက္ကဌ Oliver E Soe Thet နှင့် ကျွန်တော်တို့ Chef တွေ ဦးဆောင်ပြီး MCC ခန်းမမှာ လုပ်ဖြစ်ခဲ့တာပါ။

       မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်အရာရှိ ဦးကြီးငွေက ကျွန်တော်တို့ MCA ကို အကူညီတောင်းပြီး သူတို့မွေးမြူရေးဖြစ်တဲ့ ငါး၊ ပုစွန်၊ ကဏန်းစတဲ့ Seafood တွေ ထုတ်ကုန်မြှင့်ဖို့ အဓိကရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ ဒုတိယရည်ရွယ်ချက်ကတော့ Chef အသစ်လေးတွေနဲ့ Food Quality ပိုကောင်းပြီး ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်ဖို့ပါပဲ။

       ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ်မှာလုပ်ပြီး ဆုပေးပွဲကိုတော့ MCC ခန်းမမှာ လုပ်ပါတယ်။ ဒီလိုပွဲတွေလုပ်တဲ့အတွက် Chef တွေ အချင်းချင်းလည်း ရင်းနှီးမှုနဲ့ စည်းလုံးမှုတွေ ပိုရပါလိမ့်မယ်။ ပြိုင်ပွဲရဲ့ နာမည်လေးကို “Neptrne Seafood Challenge 2015″လို့ပေးထားပါတယ်။ ပြိုင်ပွဲကျင်းပဖို့ အဓိကတာဝန်ထားပြီး လုပ်ပေးတဲ့ အမှုဆောင်အရာရှိ ဦးကြီးငွေနှင့်လည်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

♦   ဦးယူထားတဲ့ တာဝန်သိပါရစေ။

ဦးနာမည်က ဦးကြီးငွေပါ။ ‘မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်’ ရဲ့  အမှုဆောင်အရာရှိပါ။

♦   ဒီအဖွဲ့ကို ဘယ်အချိန်လောက်က စတင်တည်ထောင်ခဲ့ပါသလဲ။

ဒီအဖွဲ့ကို ၁၉၉၈ ကစပြီး တည်ထောင်ခဲ့တာပါ။ ဘုရင့်နောင်လမ်း၊ ကြို့ကုန်းမှတ်တိုင်မှာပါ။

♦   Seafood ပြိုင်ပွဲနှင့် ပြပွဲပေါင်းပြီး လုပ်ဖြစ်တာလေး ပြောပြပေးပါဦး။

ဟုတ်ကဲ့။ ဦးတို့အဖွဲ့နှင့်အတူ Organic ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအဖွဲ့ပါ ပူးပေါင်းလုပ်ဖြစ်တာပါ။ ဒီလိုပွဲသာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပါပဲ။

♦   Chef တွေရဲ့ အချက်အပြုတ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေသိအောင် ရှင်းပြပေးပါဦး။

ပြိုင်ပွဲကို တစ်ပွဲကို ၂ ယောက်နဲ့ အားလုံး ၂၃ ဖွဲ့ ဖြစ်ပါတယ်။ ဆုတွေကတော့ ရွှေ၊ ငွေ၊ ကြေးနှင့် အခြားဆုတွေလည်း များများထည့်ထားပါတယ်။ ဒီလိုလုပ်ပေးမှလည်း Chef တွေများများက ဦးတို့ရဲ့ Seafood တွေကို အသုံးတည့်လာကြပြီး ထုတ်လုပ်မှု ပိုမြင့်လာမယ်။ ပရိသတ်တွေ ပိုစိတ်ဝင်စားပြီး ပိုမိုအရောင်းသွက်လာမှာဖြစ်တယ်။

♦   ဒီပြိုင်ပွဲနဲ့ ပြပွဲရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။

ဦးတို့ဒီလိုပြိုင်ပွဲတွေလုပ်မှလည်း ဦးတို့ရဲ့ ရေလုပ်ငန်းအသားတွေ ထုတ်လုပ်မှု (Production) သုံးစွဲမှုတွေ ပိုဖြစ်လာသလို၊ Export အနေနဲ့လည်း ကမ္ဘာက လက်ခံမှာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာဆို သူတို့ဒီလိုတွေ လုပ်တာကြာပါပြီ။ သူတို့ရဲ့ ရေပိုင်နက်ဟာ မြန်မာလောက် မကောင်းပါဘူး။ ဒါပေမဲ့ Production နဲ့ Quality မှာတော့ အရမ်းကောင်းတယ်ပေါ့ဗျာ။ ဒါကြောင့် ဦးတို့က သူတို့ကိုဖြစ်အောင် အများကြီး ကြိုးစားနေရတာ။

♦   ဦးအနေနဲ့ ပရိသတ်တွေကို ပြောစရာလေးရှိရင် ပြောပြပေးပါဦး။

ဦးအနေနဲ့ ပြောချင်တာကတော့ မြန်မာ့ရေလုပ်ငန်းမှ ထုတ်လုပ်သော ငါး၊ ပုစွန်၊ ကဏန်းစတဲ့ Seafood တွေကို ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲစေလိုပါတယ်။ အသားထုတ်လုပ်မှုကိုလည်း နည်းစနစ်ကျကျ ပိုကောင်းအောင် လုပ်ဆောင်ပေးကြဖို့ တွန်းအားပေးမှာဖြစ်တယ်။ နောက်ကိုလည်း ဒီလိုပွဲတွေကို မကြာမကြာလုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ ပရိသတ်ကြီးသိအောင် ပြောပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

♦   Ko Win Zaw @ Mario Win Zaw   ♦

Facebook Comments

Menu