နာမည်ကြီး ရှန်ပိန်ဝိုင်တွဲဖက်ဖိုင်းဒိုင်းနင်းညစာ Veuve Clicquot Dinner, The Strand Restaurant

          ရန်ကုန်မြို့  ကမ်းနားဟိုတယ်မှာ ပြင်သစ်နိုင်ငံမှ နာမည်ကြီး ဝိုင်ထုတ်လုပ်သူ Veuve Clicquot House က ထုတ်လုပ်တဲ့ နာမည်ကြီး ရှန်ပိန်ဝိုင်များနဲ့ တွဲဖက် ဖိုင်းဒိုင်းနင်း ညစာ Veuve Clicquot Dinner ကို တည်ခင်းခဲ့ပါတယ်။

          ဝိုင်ထုတ်လုပ်သူ Wine Maker Veuve Clicquot House က ဝိုင်ထုတ်လုပ်တဲ့ နေရာမှာတော့ ကမ္ဘာမှာ နာမည်ကျော်ကြားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ ကျော်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ တည်ရှိပါတယ်။ ဝိုင်လို့ ခေါ်နိုင်လောက်ရုံ ဝိုင်ဖြစ်ဖို့ မခက်ပေမယ့် ဝိုင်ကောင်းဖြစ်လာဖို့ ခက်ခဲနက်နဲပါတယ်။ စတင်စိုက်ပျိုးချိန်ကစလို့ များစွာသော စပျစ်အမျိုးအစား၊ မြေအနေအထား၊ ရာသီဥတု၊ ရိတ်သိမ်းချိန်၊ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းမှာ အသေးစိတ်မှုနဲ့ တိကျမှုတွေ လိုအပ်တဲ့အပြင် အဆင့်တိုင်းမှာ ကျွမ်းကျင်တဲ့ ဝိုင်ထုတ်လုပ်သူရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်။ ဝိုင်ကောင်းတစ်ပုလင်းဖြစ်တည်လာဖို့က ဒီထက်ပိုပါလိမ့်ဦးမယ်။ အဲဒီလိုနာမည်ကြီးလှတဲ့ ဝိုင်ထုတ်လုပ်သူ Wine Maker Veuve Clicquot House က ထုတ်လုပ်တဲ့ ရှန်ပိန်ဝိုင်အမျိုးအစား (၃) မျိုးကို  ကမ်းနားဟိုတယ် ရဲ့ နာမည်ကြီးညစာနဲ့ တွဲဖက်တည်ခင်းခဲ့ပါတယ်။

          ခံတွင်းဖွင့်စာ Foie Gras Terrine served with Green Apple Chutney, Apple and Jujube Bonbon and Mulled Wine reduction ပန်းသီးစိမ်းချက်သနီး ငန်းအသည်းတို့နဲ့ အဓိကထားပြီး ပြင်ဆင်ထားတဲ့ ခံတွင်းဖွင့်စာကို တွဲဖက်တည်ခင်းတဲ့ ရှန်ပိန်ဝိုင်ကတော့ Veuve Clicquot Rose Brut ရှန်ပိန်အမျိုးအစားဝိုင် တစ်မျိုးဖြစ်ပြီး ရင့်မှည့်တဲ့ စတော်ဘယ်ရီနဲ့ မက်မွန်သီးအဖြူရောင်တို့ရဲ့ အရသာတွေထဲမှာ အချဉ်ဓာတ်လေးနည်းနည်းနဲ့ ပေါင်းပြီး ကောင်းမွန်မျှတတဲ့ ဝိုင်တစ်မျိုးဖြစ်ပါတယ်။ စပ်တဲ့အရသာလေး နည်းနည်းပါတယ်။ အရသာရှိပါတယ်။ ငန်းအသည်း ခရမ်မီဖြစ်တဲ့ အရသာနဲ့ လိုက်ဖက်ပါတယ်။

          အဓိကဟင်းလျာမရောက်လာခင် Starter အနေနဲ့ ရွှေဖရုံသီးမီးကင်၊ ရီကော်တာချိစ် ရိုဗီယီုလီ၊ ဘဲသားတို့နဲ့ ပြင်ဆင်ထားတဲ့ Roasted Pumpkin နဲ့ Ricotta Cheese Ravioli ကို တွဲဖက်တည်ခင်းတဲ့ ရှန်ပိန်ဝိုင်ကတော့ Veuve Clicquot Yellow Lable Brut ပါ။ အရသာကတော့ ရင့်မှည့်တဲ့ ပန်းသီးအရသာနဲ့ ခရင်မ်အရသာပျော့ပျော့လေးကို ပေါင်းစပ်ထားတဲ့ အရသာကို ရရှိပါတယ်။ အချဉ်အရသာအနည်းငယ်ရှိပြီး ခပ်အီအီပုစွန်နဲ့ တည်ခင်းမယ်ဆိုရင် သင့်တော်တဲ့ ရှန်ပိန်ဝိုင်တစ်မျိုးဖြစ်ပါတယ်။ ချိစ်၊ ခရင်မ် စတဲ့ အီတဲ့ အရသာနဲ့ လိုက်ဖက်ပါတယ်။

          အဓိကဟင်းလျာနဲ့တွဲဖက်တဲ့ ရှန်ပိန်ဝိုင်ကတော့ Veuve Clicquot Vintage 2004 ပါ။ အရသာကတော့ ကြွယ်ဝတဲ့ သစ်သီးတွေရဲ့ အရသာပါ။ နှစ်လို့ဖွယ်ကောင်းတဲ့ သစ်တော်သီး၊  ဗာဒံစေ့၊ Raspberry တို့ရဲ့ အနံ့အရသာကိုရရှိမှာဖြစ်ပြီး သောက်လိုက်တိုင်း ဝိုင်ရဲ့ နူးညံ့တဲ့အရသာလေးကို ခံစားမိမှာပါ။ သစ်သီးတွေရဲ့အရသာကို သောက်ပြီးတိုင်း ပြန်လည်အမှတ်ရမိနေစေမှာ ဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းသိရှိလိုပါက-

Grace @ Win Pa Pa Myo

Marketing and Communication Manager

[email protected]

+95 1 243377

+95 9 5163967

Facebook Comments