ဆီဒိုးနားဟိုတယ်ရန်ကုန်က မြန်မာ့အစားအစာပွဲတော် (Myanmar Food Festival)

          လူကြိုက်များထင်ရှားသည့် မြန်မာ့အစားအစာအမျိုးအစားပေါင်း ၄၀ ကျော်တို့အား ဘူဖေးပုံစံဖြင့် သုံးဆောင်နိုင်မည့် Myanmar Food Festival ပွဲတော်ကို Sedona Hotel Yangon မှ ၎င်းတို့ဟိုတယ်၏ D’Cuisine စားသောက်ဆိုင်တွင် ပုံမှန်တည်ခင်းနေကျ နိုင်ငံတကာ ဘူဖေးနဲ့အတူ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါသည်။ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နေ့စဉ်နေ့လယ်စာနှင့် ညစာတို့ကို ရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြန်မာ့အစားအစာ နှစ်ခြိုက်သူများနှင့် မြန်မာ့ရိုးရာ အစားအစာများကို မြည်းစမ်းကြည့်လိုသည့် ဟိုတယ်တွင် လာရောက်တည်းခိုသူများ အပါအ၀င် အများပြည်သူတို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ပွဲတော်တွင် တည်ခင်းမည့် ဟင်းလျာများကို Sedona Hotel Yangon ၏ ဦးဆောင် စားဖိုမှူးကြီး Mr.Edmund Ng နှင့် မြန်မာစားဖိုမှူး များပါဝင်သည့် အချက်အပြုတ်အဖွဲ့က အထူးစိစစ်ရွေး ချယ်ထားခြင်း ဖြစ်သည်။ အစားအသောက်ချစ်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများ အသုံးပြု၍ ချက်ပြုတ်ထားသော ဟင်းလျာမျိုးစုံကို လာရောက်သုံးဆောင်နိုင်ပြီ ဖြစ်သည်။

          Myanmar Food Festival ပွဲတော်ရှိ အသုပ်စုံစားပွဲတွင် ပါဝင်ပစ္စည်း များစွာထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်ပြီး ကိုယ်ပိုင်မြန်မာအသုပ်စုံကို ဖန်တီးစားသုံးနိုင်သည်။ လတ်လတ်ဆတ်ဆတ် မုန့်ဟင်းခါးဖတ်နှင့် ဟင်းရည်၊ ငါးနီတူသုပ်၊ ငှက်ပျောဖူးသုပ်၊ ၀က်သားတုတ်ထိုးတို့လည်း ပါဝင်သည်။ အကြော်စားပွဲတွင် မြန်မာလူမျိုးများအကြိုက် တန်ပူရာစတိုင် ဘူးသီးကြော်၊ ရှမ်းရိုးရာတိုဟူးကြော်နှင့် ပုစွန်ခွက်ကြော်တို့ပါဝင်ပြီး ဟင်းချိုစားပွဲတွင် မြန်မာ့ရိုးရာ မျှစ်ပုစွန်ချဉ်ပေါင်ဟင်းရည်၊ သီးစုံပဲဟင်း၊ ပဲကြာဆံဟင်းချိုတို့ဖြင့် တည်ခင်းထားပါသည်။ အဓိကဟင်းလျာများ အဖြစ် မြန်မာ့ရိုးရာ ကြက်၊ ၀က်၊ ဆိတ်၊ ငါးဆီပြန်ဟင်းများကို ကြက်ဥ ဂေါ်ရခါးသီးကြော်၊ ပန်းဂေါ်ဖီကြော် အစရှိသည့် အရန်ဟင်းများနှင့် တွဲဖတ်သုံးဆောင်နိုင်ပါသည်။ မြန်မာစတိုင် ဆာတေးနှင့် အသီးအရွက်ကြော်များကိုလည်း အရသာရှိစွာ သုံးဆောင်နိုင်မည် ဖြစ်သည်။ အချိုပွဲ အနေဖြင့် မြန်မာ့လက်ဖက်ရည်အချို၊ ရွှေချီ၊ မုန့်ဦးနှောက်၊ လက်ဖက် အကြော်စုံ စသည်တို့လည်း ရရှိနိုင်ပါသည်။ ထို့အပြင် Myanmar Food Festival ပွဲတော် ဘူဖေးအစီအစဉ်တွင် Sedona Hotel Yangon ၏ ပုံမှန်တည်ခင်းထားနေကျ တရုတ်အစားအစာ၊ အာရှအစားအစာ၊ အနောက်တိုင်းအစားအစာများနှင့် အချိုပွဲစသည့် ဘူဖေးများ စုစုပေါင်း အမျိုး ၂၀၀ ကျော်ကိုပါ သုံးဆောင်နိုင်မည် ဖြစ်သည်။

ဘူဖေးစတင်ရရှိနိုင်သောအချိန် –

နေ့လယ်စာ – တနင်္လာနေ့မှ သောကြာနေ့ (နံနက် ၁၁း၃၀ နာရီမှ မွန်းလွဲ ၂း၃၀ နာရီ အထိ) တစ်ဦးလျှင် ၂၅ ဒေါ်လာ၊ စနေနေ့၊ တနင်္ဂနွေ နေ့နှင့် အစိုးရရုံးပိတ်ရက်များ (နံနက် ၁၁း၃၀ နာရီမှ ညနေ ၃း၀၀ နာရီအထိ) တစ်ဦးလျှင် ၃၃ ဒေါ်လာ (ပင်လယ်စာစားပွဲ၊ အသားကင်နှင့် ၀ိုင် အခမဲ့ သောက်သုံးခွင့်တို့ ပါဝင်သည်။)

ညစာ – တနင်္လာနေ့မှ ကြာသပတေးနေ့ (ည ၇ နာရီမှ ည ၁၁ နာရီအထိ) တစ်ဦးလျှင် ၃၃ ဒေါ်လာ၊  သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေနေ့ အားလပ်ရက်များ (ည ၇ နာရီမှ ည ၁၁ နာရီအထိ) တစ်ဦးလျှင် ၃၆ ဒေါ်လာ (ပင်လယ်စာစားပွဲ၊ အသားကင်နှင့် ၀ိုင်အခမဲ့ သောက်သုံးခွင့်တို့ ပါဝင်သည်။)

          မြန်မာအစားအစာပွဲတော်ကာလ ပြီးဆုံးပြီးနောက် ဆီဒိုးနားဟိုတယ် ရန်ကုန်၏ ပုံမှန်တည်ခင်းနေကျ တရုတ်အစားအစာ၊ အာရှအစားအစာ၊ အနောက်တိုင်း အစားအစာများနှင့် အချိုပွဲစသည့် ဘူဖေးများ စုစုပေါင်း အမျိုး ၂၀၀ ကျော်ပါဝင်သည့် နိုင်ငံတကာဘူဖေးရှိမည်ဖြစ်သည်ဟု သိရပါသည်။ Sedona Hotel Yangon, D’Cuisine တွင် ကြိုတင်ဘိုကင်ယူရန်၊ စုံစမ်းရန်အတွက် ဖုန်း ၀၁ ၈၆၀ ၅၃၇၇ သို့ ဆက်သွယ်နိုင်ပါသည်။

Facebook Comments