ဆီဒိုးနားဟိုတယ်ရန်ကုန်မှ “Be-Dazzled” နှစ်သစ်ကူးပွဲတော်

          ဆီဒိုးနားဟိုတယ်ရန်ကုန်မှ နှစ်ကူးအကြိုပါတီပွဲ “Be-Dazzled” ကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျင်းခဲ့ပါတယ်။ အဲဒီပါတီပွဲလေးမှာတော့ နိုင်ငံတကာမှ Tango, Jazz, Broadway နှင့် Hollyword အစီအစဉ်များ၊ နိုင်ငံကျော် အဆိုတော် နီနီခင်ဇော်နှင့်  Oxygen Music Band တို့ ပါဝင်ဖျော်ဖြေခဲ့တာဖြစ်ပြီး Andy နှင့် K တို့က အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်သွားခဲ့ပါတယ်။ နှစ်သစ်ကူးပါတီပွဲလေးမှာတော့ အစားအသောက်များ၊ ကံစမ်းမဲအစီအစဉ်များနှင့် အခြားစိတ်လှုပ်ရှားဖွယ်အစီအစဉ်များစွာ ပါဝင်ခဲ့ပြီး ပါတီပွဲ ဆင်နွှဲသူများအနက် ကံထူးရှင်တစ်ဦးက Suzuki Claz ကားသစ်တစ်စီး ရရှိနိုင်မယ့် အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။

          “Be-Dazzled ပါတီက ၂၀၁၉  ကို ကြိုဆိုမယ့် အခမ်းနားဆုံး စီစဉ်တင်ဆက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ မြန်မာ့ အနုပညာရှင်တွေရဲ့ ပါဝင်ဖျော်ဖြေမှုနဲ့ အတူ DJ သံစဉ်တွေနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်အောင် ဆီဒိုးနားဟိုတယ် ရန်ကုန်ကနေ စီစဉ်သွားမှာပါ။ ပြည်တွင်း၊ ပြည်ပက အနုပညာရှင်များပါဝင်တဲ့ DJ အစီအစဉ်ကို ဟိုတယ်က နေရာကျယ်ဝန်းပြီး လှပကောင်းမွန်တဲ့ ရေကူးကန်နားမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ဆီဒိုးနားဟိုတယ်ရန်ကုန်ရဲ့ အထွေထွေမန်နေဂျာ Mr. Mok Mok Meng က ပြောကြားခဲ့ပါတယ်။

          ခရစ္စမတ်ရဲ့ အဓိကဟင်းလျာတစ်မျိုးဖြစ်တဲ့ ကြက်ဆင်သားကင်နှင့် အခြားဟင်းလျာများအပြင် ဝိုင်၊ ဘီယာနှင့် အအေးများပါဝင်တဲ့ ဘူဖေးကိုလည်း တည်ခင်းခဲ့ပါတယ်။

အသေးစိတ်သိရှိလိုပါက-

www.sedonahotels.com.sg/yangon www.sedonahotels.com.sg/yangon

Ph: +95 1 860 5377

Facebook Comments