ဆီဒိုးနားဟိုတယ်ရန်ကုန်၏ နွေဦးပွဲတော်နှင့် ချစ်သူများနေ့ ဆင်နွှဲကျင်းပခြင်း

          ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် နွေဦးပွဲတော်ဖြင့် ဝက်နှစ်အခါသမယကို ကြိုဆိုခြင်းနှင့် ချစ်သူများနေ့ အထူး Packages အစီအစဉ်များကို ဆင်နွှဲကျင်းပခဲ့ပါတယ်။ နွေဦးပွဲတော်အနေနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကံကောင်းခြင်း၊ ကျန်းမာခြင်းနှင့် ချမ်းသြွာကယ်ဝခြင်းတို့အတွက် ဆုမွန်ကောင်းပြုပြီး မိတ်ဆုံညစာစားပွဲများကို ကျင်းပပြီး ကြိုခြင်းက အစဉ်အလာတစ်ခုဖြစ်ပါတယ်။ ဆီဒိုးနားဟိုတယ် ရန်ကုန်အနေနဲ့ သက်ရှည် ကျန်းမာခြင်း၊ လာဘ်လာဘ တိုးပွားခြင်း၊ ဥစ္စာဓနပြေွါကယ်ဝခြင်းတို့ကို ကိုယ်စားပြုမည့် အထူးဟင်းလျာ (Set Menu) သုံးမျိုးကို စီစဉ်ပေးထားပြီး ၄-၅ ယောက်စာ တစ်ဝိုင်းအတွက် USD 138, ၆-၈ ယောက်စာ တစ်ဝိုင်းအတွက် USD 198, ၉-၁၀ ယောက်စာ တစ်ဝိုင်းအတွက် USD 258 ဖြင့် ဟင်းလျာများကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ အထူးဟင်းလျာများအနက် တရုတ်ဟင်းလျာများဖြစ်သည့် ပဲပိစပ်ဆော့စ်နှင့် ကကတစ် ငါးကြော်၊ ပင်လယ်မျှော့ဟင်း၊ သက်ရှည်ကျန်းမာခြင်း ဟောင်ကောင်ခေါက်ဆွဲ၊  Salmon Yee Sang လို့ခေါ်တဲ့ တရုတ်အစားအစာအသုပ် တစ်မျိုး၊ ဝက်လက်အစပ်ဟင်း၊ ပုစွန်အသားကို ဝါဆာဘိနှင့် အလုံးလေးလုပ်ကာ ကြော်ထားပြီး နဂါးမောက်သီးနှင့် တွဲဖက်တည်ခင်းတဲ့ Deep Fried Wasabi Prawn Ball with Dragon Fruit စတဲ့ ဟင်းလျာများကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ နွေဦးပွဲတော်ရဲ့ အရသာကို ပိုမိုခံစားရစေဖို့အတွက် တရုတ်ရိုးရာရွှေတုံးပုံစံကိတ်၊ အိမ်လုပ်မြေပဲ ကွတ်ကီး၊ အိမ်လုပ်ဝိုင်၊ အချဉ်ဖောက်ထားတဲ့ Pe-ur လက်ဖက်ခြောက်နှင့် ပစိဖိတ်ခရုတို့လို နှစ်ကူးအထူးလက်ဆောင်မွန်များပါရှိတဲ့ တန်ဖိုးကြီး အနီရောင် နွေဦးရာသီ လက်ဆောင်ခြင်းများကို USD 88 ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

          ချစ်သူများနေ့အတွက် ရင်ခုန်စရာ Package များကို ဧည့်သည်တော်များက ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အထူးအစီအစဉ်အဖြစ် Package ဖြစ်တဲ့ “Love in the Air” လို့ နာမည်ပေးထားပြီး ဒီ Package မှာတော့ Anawratha Suite မှာ ၂ ညတာ တည်းခိုခွင့်၊ အခန်းအရောက် ပို့ဆောင်ပေးသည့် နံနက်စာ၊ မိနစ် ၃၀ ကြာ ရဟတ်ယာဉ် စီးနင်းခွင့်၊ အဓိကဟင်းလျာများ ပါဝင်သည့် အထူးသီးသန့်တည်ခင်းမှု၊ Dom Perignon ရှန်ပိန် တစ်ပုလင်း၊ သီးသန့်ဝန်ဆောင်မှုပေးသည့် Butter စသည်တို့ ပါဝင်မှာဖြစ်ပြီး စုံတွဲ တစ်တွဲအတွက် USD 9,999 ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

အခြား Package အစီအစဉ်များတွင်

        နှင်းဆီတစ်ပွင့်၊ ဘာဘီကျူ့နှင့် ပင်လယ်စာဘူဖေးနှင့်အတူ စပါကလင်ဝိုင်၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဖျော်ရည်များကို စိတ်ကြိုက်သောက်သုံးခွင့်ပါဝင်ပြီး တစ်ဦးလျှင် USD 36 ဖြင့် D’Cuisine တွင် စားသုံးခွင့်အစီအစဉ်၊

        စုံတွဲတစ်တွဲလျှင် USD 78 ကျသင့်မည့် Orzo အီတလီစားသောက်ဆိုင်၏ ကြယ်ရောင်များအောက်တွင် စပါကလင်ဝိုင်တစ်ခွက်နှင့်အတူ ဟင်းလျာ ၄ မျိုး ပါဝင်သည့် ညစာအစီအစဉ်၊

        စုံတွဲတစ်တွဲလျှင် USD 388 ကျသင့်မည့် ဟင်းလျာ ၅ မျိုး၊ ရှန်ပိန်တစ်ပုလင်း၊ ချစ်သူအတွက် လက်ဆောင်နှင့် သီးသန့်ဝန်ဆောင်မှုများပေးမည့် Butler ပါဝင်သည့် အထူးသီးသန့်ညစာအစီအစဉ်၊

        ချောကလက်၊ နှင်းဆီပန်းစည်း၊ ဝက်ဝံရုပ်တို့ကဲ့သို့သော လက်ဆောင်များကို ပြင်ဆင်ပေးထားပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည့် အသား၊ ငါး၊ ဆန်းဝှစ်၊ ကြက်သားပြား၊ ဝက်ပေါင်ခြောက် တို့ကိုရောင်းသည့် ကောင်တာ၊

        ဧည့်ကြိုခန်းမမှာ USD 18 ဖြင့် ရရှိနိုင်မည့် လတ်ဆတ်သော စတော်ဘယ်ရီနှင့် ရှန်ပိန်တစ်ခွက်နှင့်အတူ မေတ္တာလက်ဆောင်တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက-

Ph: +95 1  860 5377 www.sedonahotels.com.sg/yangon

Facebook Comments